ယနေ့ည အာဆင်နယ် – မန်စီးတီးပွဲစဉ်အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
အာဆင်နယ် အသင်းကတော့ အင်အားကြီး ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးကို အိမ်ကွင်း အမ်းမရိတ်ကွင်းမှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီနေ့ ဇန်နဝါရီ ၁ ရက် စနေနေ့ ည ၇ နာရီမှာ ယှဉ်ပြိုင် ကြမှာပါ။
နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ကတော့ အာဆင်နယ်နဲ့ မန်စီးတီးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
အိုဝင်က – ” အာဆင်နယ်ဟာ နော့ဝှစ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ တကယ်ကောင်းခဲ့ပါတယ်။ ကြားရက်မှာ ပွဲမကစားခဲ့ရတာကြောင့် သူတို့ဟာ ဒီပွဲကို ယုံကြည်မှု အပြည့်နဲ့ သွားနိုင်မှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ အကောင်းဆုံး ပုံစံ မကစားနိုင်ခဲ့ပေမယ့် နိုင်ပွဲတော့ ရယူခဲ့ပါတယ်။ ဖီးလ်ဖိုဒန်ရဲ့ နောက်ထပ် လှပတဲ့ အဆုံးသတ်ကို မြင်တွေ့ခဲ့ရပြီး သူဟာ တကယ် တည်ငြိမ်မှု ရှိတဲ့ အဆုံးသတ် သမားပါ။ ဘယ်အသင်းမှာ ပွဲတိုင်း အကောင်းဆုံး ကစားနိုင်မှာ မဟုတ်ပေမယ့် ပုံစံကောင်း မရတဲ့ အချိန်မှာ ဒီလို နိုင်ပွဲရခဲ့တာဟာ ချန်ပီယံရဲ့ လက္ခဏာ ဖြစ်ပါတယ်။
ဒီတပတ် ပွဲကတော့ ဖျော်ဖြေမှု အပြည့် ပေးနိုင်မယ့် ပွဲစဉ် ဖြစ်လာမှာပါ။ အာဆင်နယ်ဟာ ခံစစ်ပဲ ကစားသွားမှာ မဟုတ်ဘဲ စီးတီးကို တိုက်စစ် ဆင်ဖို့ ကြိုးစားသွားမှာပါ။ ဒါဟာ စီးတီးနဲ့ ကိုက်ညီမှု ရှိပြီး ဒီပွဲမှာ သွင်းဂိုးတစ်ချို့ ရသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။
အာဆင်နယ်တို့ စီးတီးဘက်ကို ဂိုးသွင်းနိုင်မှာ ဖြစ်ပေမယ့် ဧည့်သည့်အသင်းပဲ နိုင်သွားပါလိမ့်မယ်။ ” လို့ သုံးသပ် သွားပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၁-၃ မန်စီးတီး ဖြစ်ပါတယ်။
Zawgyi
အာဆင္နယ္ အသင္းကေတာ့ အင္အားၾကီး ပရီးမီးယားလိဂ္ ထိပ္သီး မန္စီးတီးကို အိမ္ကြင္း အမ္းမရိတ္ကြင္းမွာ ဧည့္ခံ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ ဒီေန႔ ဇန္နဝါရီ ၁ ရက္ စေနေန႔ ည ၇ နာရီမွာ ယွဥ္ျပိဳင္ ၾကမွာပါ။
နာမည္ေက်ာ္ တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္ကေတာ့ အာဆင္နယ္နဲ႕ မန္စီးတီးတို႔ ပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
အိုဝင္က – ” အာဆင္နယ္ဟာ ေနာ့ဝွစ္နဲ႔ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲမွာ တကယ္ေကာင္းခဲ့ပါတယ္။ ၾကားရက္မွာ ပြဲမကစားခဲ့ရတာေၾကာင့္ သူတို႔ဟာ ဒီပြဲကို ယုံၾကည္မႈ အျပည့္နဲ႔ သြားႏိုင္မွာ ျဖစ္ပါတယ္။
မန္စီးတီးဟာ ဘရန္႔ဖို႔ဒ္နဲ႔ ပြဲမွာ အေကာင္းဆုံး ပုံစံ မကစားႏိုင္ခဲ့ေပမယ့္ ႏိုင္ပြဲေတာ့ ရယူခဲ့ပါတယ္။ ဖီးလ္ဖိုဒန္ရဲ႕ ေနာက္ထပ္ လွပတဲ့ အဆုံးသတ္ကို ျမင္ေတြ႕ခဲ့ရၿပီး သူဟာ တကယ္ တည္ၿငိမ္မႈ ရွိတဲ့ အဆုံးသတ္ သမားပါ။ ဘယ္အသင္းမွာ ပြဲတိုင္း အေကာင္းဆုံး ကစားႏိုင္မွာ မဟုတ္ေပမယ့္ ပုံစံေကာင္း မရတဲ့ အခ်ိန္မွာ ဒီလို ႏိုင္ပြဲရခဲ့တာဟာ ခ်န္ပီယံရဲ႕ လကၡဏာ ျဖစ္ပါတယ္။
ဒီတပတ္ ပြဲကေတာ့ ေဖ်ာ္ေျဖမႈ အျပည့္ ေပးႏိုင္မယ့္ ပြဲစဥ္ ျဖစ္လာမွာပါ။ အာဆင္နယ္ဟာ ခံစစ္ပဲ ကစားသြားမွာ မဟုတ္ဘဲ စီးတီးကို တိုက္စစ္ ဆင္ဖို႔ ႀကိဳးစားသြားမွာပါ။ ဒါဟာ စီးတီးနဲ႔ ကိုက္ညီမႈ ရွိၿပီး ဒီပြဲမွာ သြင္းဂိုးတစ္ခ်ိဳ႕ ရသြားမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။
အာဆင္နယ္တို႔ စီးတီးဘက္ကို ဂိုးသြင္းႏိုင္မွာ ျဖစ္ေပမယ့္ ဧည့္သည့္အသင္းပဲ ႏိုင္သြားပါလိမ့္မယ္။ ” လို႔ သံုးသပ္ သြားပါတယ္။
မိုက္ကယ္အိုဝင္ ခန္႔မွန္းရလဒ္ ကေတာ့ အာဆင္နယ္ ၁-၃ မန္စီးတီး ျဖစ္ပါတယ္။