ဒီ ဇန်နဝါရီမှာ အားဖြည့်ခေါ်ယူဖို့ အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမားများ

ဒီဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းဟာ အားနည်းနေတဲ့ ကွင်းလယ်အတွက် ကစားသမား ၄ ယောက် ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အာဖရိကဖလားပြိုင်ပွဲကို ကွင်းလယ်လူတွေဖြစ်တဲ့ ပါတေးနဲ့ အယ်နီနီ ကို စေလွှတ်ခဲ့ရသလို နောက်ထပ် ကွင်းလယ်လူ တစ်ယောက်ဖြစ်တဲ့ မီလန်နိုင်းစ်ကလည်း ရိုးမားကိုပြောင်းရွှေ့ သွားတာကြောင့် အာဆင်နယ် ကွင်းလယ်က လူအင်အားနည်းသွားခဲ့တာပါ။

ဒါကြောင့် ကွင်းလယ်အတွက် အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ကစားသမား ၄ ယောက်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းအနေနဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကစား သမား ၄ ယောက်က လိုင်ယွန်ကစားသမား ဘရူနို ဂွီမာရေးစ်၊ ဘက်တစ်က ဂူဒို ရိုဒရီဂွတ်ဇ်၊ လိုင်လီက ရီနာတိုဆန်းချက်စ်နဲ့ အသင်း လက်မဲ့ဖြစ်နေတဲ့ ကစားသမားဟောင်း ဝီလ်ရှိုင်းယားတို့ ဖြစ်တယ်လို့ အင်္ဂလန် သတင်းတွေက ဆိုပါတယ်။

ရီနာတို ဆန်းချက်စ် ကိုအာဆင်နယ်အနေနဲ့ နွေရာသီအပြောင်းအရွှေ့ကတည်း က စိတ်ဝင်စားခဲ့တာဖြစ်ပြီး ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေသူက ကစားသမားဟောင်း ဝီလ်ရှိုင်းယားလို့ ဖော်ပြမှုတွေ ရှိနေပါတယ်။

၎င်းတို့အပြင် ဘာစီလိုနာကနေ ထွက်လာဖို့ ဟန်ပြင်နေတဲ့ ဘရာဇီးသား ကွင်းလယ်သမား ကော်တင်ညို ကို ခေါ်ယူဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

Zawgyi

ဒီဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ အာဆင္နယ္အသင္းဟာ အားနည္းေနတဲ့ ကြင္းလယ္အတြက္ ကစားသမား ၄ ေယာက္ ကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

အာဖရိကဖလားၿပိဳင္ပြဲကို ကြင္းလယ္လူေတြျဖစ္တဲ့ ပါေတးနဲ႔ အယ္နီနီ ကို ေစလႊတ္ခဲ့ရသလို ေနာက္ထပ္ ကြင္းလယ္လူတစ္ေယာက္ျဖစ္တဲ့ မီလန္ႏိုင္းစ္ကလည္း ႐ိုးမားကိုေျပာင္းေ႐ႊ႕ သြားတာေၾကာင့္ အာဆင္နယ္ ကြင္းလယ္က လူအင္အားနည္းသြားခဲ့တာပါ။

ဒါေၾကာင့္ ကြင္းလယ္အတြက္ အာဆင္နယ္အသင္းတာဝန္ရွိသူေတြဟာ ကြင္းလယ္ပိုင္းကို အားျဖည့္ဖို႔ ကစားသမား ၄ ေယာက္ကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ အာဆင္နယ္အသင္းအေနနဲ႔ ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ကစား သမား ၄ ေယာက္က လိုင္ယြန္ကစားသမား ဘ႐ူႏို ဂြီမာေရးစ္၊ ဘက္တစ္က ဂူဒို ႐ိုဒရီဂြတ္ဇ္၊ လိုင္လီက ရီနာတိုဆန္းခ်က္စ္နဲ႔ အသင္း လက္မဲ့ျဖစ္ေနတဲ့ ကစားသမားေဟာင္း ဝီလ္ရႈိင္းယားတို႔ ျဖစ္တယ္လို႔ အဂၤလန္ သတင္းေတြက ဆိုပါတယ္။

ရီနာတို ဆန္းခ်က္စ္ ကိုအာဆင္နယ္အေနနဲ႔ ေႏြရာသီအေျပာင္းအေ႐ႊ႕ကတည္း က စိတ္ဝင္စားခဲ့တာျဖစ္ၿပီး ေခၚယူႏိုင္ဖို႔ အနီးစပ္ဆုံးျဖစ္ေနသူက ကစားသမားေဟာင္း ဝီလ္ရႈိင္းယားလို႔ ေဖာ္ျပမႈေတြ ရွိေနပါတယ္။

၄င္းတို႔အျပင္ ဘာစီလိုနာကေန ထြက္လာဖို႔ ဟန္ျပင္ေနတဲ့ ဘရာဇီးသား ကြင္းလယ္သမား ေကာ္တင္ညိဳ ကို ေခၚယူဖို႔ တိုက္တြန္းမႈေတြလညး္ ရွိေနပါတယ္။