တိုက်စစ်မှုး ဗလာဟိုဗစ် ခေါ်ဖို့ ပေါင် သန်း ၁၅ဝ လောက်ထိ ကုန်ကျသွားနိုင်တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ဖီအိုတိုက်စစ်မှူး ဗလာဟိုဗစ်ကို အခုလမှာပဲ အရခေါ်ယူဖို့ ဆုံးဖြတ်ထားကာ ၎င်းကို ခေါ်ယူဖို့ကလည်း ပေါင်သန်း ၁၅၀ လောက်ထိ သုံးရဖွယ်ရှိနေပါတယ်။

ဒါပေမယ့် အာဆင်နယ်ဟာ ဘဏ္ဍာရေး အခက်အခဲမရှိတာကြောင့် ဥရောပရဲ့ အလားအလာ အရှိဆုံး တိုက်စစ်မှူး တစ်ဦး ကို အရ ခေါ်ယူဖွယ် ရှိနေတာဖြစ်ပါတယ်။

နည်းပြ အာတီတာကလည်း အသင်းရဲ့တိုက်စစ်ပိုင်းအတွက် တိုက်စစ်မှူးတစ်ဦးခေါ်ယူချင်နေပြီး ဖီအိုတိုက်စစ်မှူးကို မျက်စိကျနေတာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း အာဆင်နယ်ဟာ အဲဗာတန်စတား ကယ်လ်ဗက်လီဝင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဗလာဟိုဗစ်ကို အာဆင်နယ်အပြင် တော့တင်ဟမ်အသင်းကလည်း ခေါ်ယူချင်နေပါတယ်။ သတင်းတွေအရ အာဆင်နယ်ဟာ ဗလာဟိုဗစ်ကို တစ်ပတ်လုပ်ခပေါင် ၁ သိန်း ၈ သောင်း ၊ အခွန်ပါအပြီး ၅ နှစ်စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ခေါ်ယူရာမှာလည်း ကစားသမားရဲ့ အေးဂျင့် အဖွဲ့ အတွက် ပေါင် ၁၅ သန်း ပေးချေရဖွယ်လည်း ရှိနေပါတယ်။ သတင်းတွေအရ ဗလာဟိုဗစ်အတွက် ငွေကြေးက အဓိကမဟုတ်ပဲ ဥရောပစင်မြင့်မှာ ကစားချင်တာလည်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အာတီတာက အခုလမှာ အသင်းလူအင်အားကိုဖြည့်တင်းလိုနေပြီး တနင်္ဂနွေနေ့တုန်းက အက်ဖ်အေဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ZG

အာဆင္နယ္ အသင္းဟာ ဖီအိုတိုက္စစ္မႉး ဗလာဟိုဗစ္ကို အခုလမွာပဲ အရေခၚယူဖို႔ ဆုံးျဖတ္ထားကာ ၄င္းကို ေခၚယူဖို႔ကလည္း ေပါင္သန္း ၁၅၀ ေလာက္ထိ သုံးရဖြယ္ရွိေနပါတယ္။

ဒါေပမယ့္ အာဆင္နယ္ဟာ ဘ႑ာေရး အခက္အခဲမရွိတာေၾကာင့္ ဥေရာပရဲ႕ အလားအလာ အရွိဆုံး တိုက္စစ္မႉး တစ္ဦး ကို အရ ေခၚယူဖြယ္ ရွိေနတာျဖစ္ပါတယ္။

နည္းျပ အာတီတာကလည္း အသင္းရဲ႕တိုက္စစ္ပိုင္းအတြက္ တိုက္စစ္မႉးတစ္ဦးေခၚယူခ်င္ေနၿပီး ဖီအိုတိုက္စစ္မႉးကို မ်က္စိက်ေနတာ ျဖစ္ပါတယ္။ အျခားတစ္ဖက္မွာလည္း အာဆင္နယ္ဟာ အဲဗာတန္စတား ကယ္လ္ဗက္လီဝင္ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

ဗလာဟိုဗစ္ကို အာဆင္နယ္အျပင္ ေတာ့တင္ဟမ္အသင္းကလည္း ေခၚယူခ်င္ေနပါတယ္။ သတင္းေတြအရ အာဆင္နယ္ဟာ ဗလာဟိုဗစ္ကို တစ္ပတ္လုပ္ခေပါင္ ၁ သိန္း ၈ ေသာင္း ၊ အခြန္ပါအၿပီး ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေခၚယူရာမွာလည္း ကစားသမားရဲ႕ ေအးဂ်င့္ အဖြဲ႕ အတြက္ ေပါင္ ၁၅ သန္း ေပးေခ်ရဖြယ္လည္းရွိေနပါတယ္။ သတင္းေတြအရ ဗလာဟိုဗစ္အတြက္ ေငြေၾကးက အဓိကမဟုတ္ပဲ ဥေရာပစင္ျမင့္မွာ ကစားခ်င္တာလည္း ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အာတီတာက အခုလမွာ အသင္းလူအင္အားကိုျဖည့္တင္းလိုေနၿပီး တနဂၤေႏြေန႔တုန္းက အက္ဖ္ေအဖလား ျပိဳင္ပြဲကေန ထြက္ခြာခဲ့ရပါတယ္။