အာဆင်နယ် အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာတဲ့ ချဲလ်ဆီး တိုက်စစ်မှုးဟောင်း ကော်စတာ

အာဆင်နယ်အသင်းဟာ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ချိတ်ဆက်လာတယ် လို့ သိရပါတယ်။

Goal သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ အသက် ၃၃ နှစ် အရွယ် တိုက်စစ်မှုး ကို လိုချင်နေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အက်သလက်တီကိုမင်နဲရိုးအသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ နီးစပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ် အသင်းဘက်က တရားဝင် မကမ်းလှမ်းမှုတော့ မပြုလုပ်ရသေးပါဘူး။ အာဆင်နယ်ဟာ အူဘာမီယန်းကို အာဖရိကဖလားပွဲစေလွှတ်ထားရသလို ဘယ်လိုဂန်ကလည်း မစ်ဒယ်ဘရော့ကို ရောက်ရှိသွားတာ ကြောင့် အာဆင်နယ်တိုက်စစ်က ကန့်သတ်ချက်တွေရှိလာပါတယ်။

လာကာဇက်တီ နဲ့ အန်ကီတီယာတို့ ၂ ဦးသာ အာဆင်နယ်တိုက်စစ်မှာရှိနေပြီး သူတို့ ၂ ဦးကလည်း အသင်းမှာ အနာဂတ်မသချောသေးတဲ့သူတွေဖြစ်ပါတယ်။

ကော်စတာဟာ ချဲလ်ဆီးအသင်းမှာ ၃ ရာသီကြာဖြတ်သန်းခဲ့ပြီး ပြိုင်ပွဲစုံ ၁၂၀ ပွဲမှာ ၅၈ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ လိဂ်ဖလား နဲ့ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့ပါတယ်။ ၎င်းက အာဆင်နယ်အသင်းနဲ့ ၆ ကြိမ်တွေ့ဆုံထားရာမှာ ၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

စပိန်သားကတော့ လက်ရှိအမိမြေမှာ အနားယူနေပြီး လာလီဂါကလပ် ကာဒစ်ဇ် နဲ့ ဘရာဇီးကလပ် ဆော်ပေါ်လိုတို့က ကမ်းလှမ်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်က မင်နဲရိုးအသင်းကိုရောက်ခဲ့ပေမယ့် ကော်စတာဟာ ၁၉ ပွဲမှာ ၅ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ဆုဖလား ၂ လုံးရယူထားပါတယ်။

အသင်းဒါရိုက်တာ ရိုဒရီဂိုကလည်း ကော်စတာတစ်ယောက် အသင်းကနေ ထွက်ခွာချင်နေတယ်လို့ ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။

ZG

အာဆင္နယ္အသင္းဟာ ခ်ဲလ္ဆီး တိုက္စစ္မႉးေဟာင္း ဒီေယဂိုေကာ္စတာကို ေခၚယူဖို႔ အံ့အားသင့္ဖြယ္ ခ်ိတ္ဆက္လာတယ္ လို႔ သိရပါတယ္။

Goal သတင္းဌာနရဲ႕အဆိုအရ အာဆင္နယ္ဟာ အသက္ ၃၃ ႏွစ္ အရြယ္ တိုက္စစ္မႈး ကို လိုခ်င္ေနတဲ့ အသင္းေတြထဲက တစ္သင္းျဖစ္ၿပီး အက္သလက္တီကိုမင္နဲ႐ိုးအသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းဖို႔ နီးစပ္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္ အာဆင္နယ္ အသင္းဘက္က တရားဝင္ မကမ္းလွမ္းမႈေတာ့ မျပဳလုပ္ရေသးပါဘူး။ အာဆင္နယ္ဟာ အူဘာမီယန္းကို အာဖရိကဖလားပြဲေစလႊတ္ထားရသလို ဘယ္လိုဂန္ကလည္း မစ္ဒယ္ဘေရာ့ကို ေရာက္ရွိသြားတာ ေၾကာင့္ အာဆင္နယ္တိုက္စစ္က ကန႔္သတ္ခ်က္ေတြရွိလာပါတယ္။

လာကာဇက္တီ နဲ႔ အန္ကီတီယာတို႔ ၂ ဦးသာ အာဆင္နယ္တိုက္စစ္မွာရွိေနၿပီး သူတို႔ ၂ ဦးကလည္း အသင္းမွာ အနာဂတ္မသေခ်ာေသးတဲ့သူေတြျဖစ္ပါတယ္။

ေကာ္စတာဟာ ခ်ဲလ္ဆီးအသင္းမွာ ၃ ရာသီၾကာျဖတ္သန္းခဲ့ၿပီး ၿပိဳင္ပြဲစုံ ၁၂၀ ပြဲမွာ ၅၈ ဂိုးသြင္းယူေပးႏိုင္ခဲ့ကာ လိဂ္ဖလား နဲ႔ ပရီးမီးယားလိဂ္ဖလား ရရွိခဲ့ပါတယ္။ ၄င္းက အာဆင္နယ္အသင္းနဲ႔ ၆ ႀကိမ္ေတြ႕ဆုံထားရာမွာ ၃ ဂိုးသြင္းယူထားႏိုင္ခဲ့ပါတယ္။

စပိန္သားကေတာ့ လက္ရွိအမိေျမမွာ အနားယူေနၿပီး လာလီဂါကလပ္ ကာဒစ္ဇ္ နဲ႔ ဘရာဇီးကလပ္ ေဆာ္ေပၚလိုတို႔က ကမ္းလွမ္းထားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က မင္နဲ႐ိုးအသင္းကိုေရာက္ခဲ့ေပမယ့္ ေကာ္စတာဟာ ၁၉ ပြဲမွာ ၅ ဂိုးသြင္းယူေပးႏိုင္ခဲ့ကာ ဆုဖလား ၂ လုံးရယူထားပါတယ္။

အသင္းဒါ႐ိုက္တာ ႐ိုဒရီဂိုကလည္း ေကာ္စတာတစ္ေယာက္ အသင္းကေန ထြက္ခြာခ်င္ေနတယ္လို႔ ထုတ္ေဖာ္ ေျပာၾကားထားခဲ့ပါတယ္။