အာဆင်နယ်နဲ့ ပွဲထက် ချဲလ်ဆီးကို နိုင်တဲ့ပွဲက ပိုမြိန်တယ် ပြောလာတဲ့ ပက် ဂွာဒီယိုလာ
မန်စီးတီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံ ကစားရာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ပထမနေရာကို လွတ်လွတ်ကျွတ်ကျွတ် ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။
မန်စီးတီး နည်းပြပက်ကတော့ ချဲလ်ဆီးကိုနိုင်ပြီး ရခဲ့တဲ့ အမှတ် သုံးမှတ်က အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲထက် ပိုချိုမြိန်တယ် လို့ ပြောကြားလိုက်ပါတယ်။ နှစ်သစ်အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာတော့ နာကျင်ချိန်ပိုမှာ ရိုဒရီရဲ့ သွင်းဂိုးနဲ့အတူ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ စီးတီးတို့အနိုင်ရခဲ့တာပါ။
ဂွာဒီယိုလာက – “ပွဲမစခင်က ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲကို နိုင်ဖို့ထိုက်တန်ရင် နိုင်ချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ထိုက်တန်ခဲ့တယ်။ ဘောလုံးမှာ မျှတရင် ကျွန်တော်ကျေနပ်နှစ်သက်ပါတယ်။ အာဆင်နယ်ကို အနိုင် ရခဲ့တဲ့အတွက် ကျွန်တော်ပျော်ပါတယ်။ ဒါပေမယ့်အဲ့ပွဲက ကျွန်တော်တို့နိုင်ဖို့ မထိုက်တန်ခဲ့ပါဘူး။ ”
“ကျွန်တော်တို့ ဇယားရဲ့ အလယ်နဲ့ အောက်က အသင်းတွေနဲ့လဲ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ၁၂ ပွဲဆက်နိုင်ပွဲဆိုတာကို ရယူထားနိုင်ခဲ့ပါတယ်။အာဆင်နယ်နဲ့က ကံကောင်းခဲ့တာဆိုပေမယ့် ကျန်တဲ့ပွဲတွေကတော့ ထိုက်တန်စွာနိုင်ခဲ့တာပါ။” လို့ ပြောဆိုခဲ့ပါတယ်။
ချန်ပီယံ လမ်းကြောင်းပေါ်မှာ ချဲလ်ဆီး ၊ လီဗာပူးတို့က စီးတီးကို လိုက်လံ ဖိအားပေးနေတာ ဖြစ်ပေမယ့် အမှတ်ပေး ဇယား ပထမနေရာက မန်စီးတီးက လီဗာပူးကို ၁၁ မှတ်၊ ချဲလ်ဆီးကို ၁၃မှတ်အထိ အမှတ်ဖြတ် ထားနိုင်ပါတယ်။
Zawgyi
မန္စီးတီးအသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးအသင္းကို အိမ္ကြင္းအီတီဟတ္မွာ ဧည့္ခံ ကစားရာ တစ္ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ျပီး အမွတ္ေပးဇယား ပထမေနရာကို လြတ္လြတ္ကၽြတ္ကၽြတ္ ဆက္လက္ ထိန္းထားနိုင္ခဲ့ပါတယ္။
မန္စီးတီး နည္းျပပက္ကေတာ့ ခ်ဲလ္ဆီးကိုႏိုင္ၿပီး ရခဲ့တဲ့ အမွတ္ သုံးမွတ္က အာဆင္နယ္အသင္းကို အႏိုင္ရခဲ့တဲ့ ပြဲထက္ ပိုခ်ိဳၿမိန္တယ္ လို႔ ေျပာၾကားလိုက္ပါတယ္။ ႏွစ္သစ္အဖြင့္ပြဲစဥ္အျဖစ္ အာဆင္နယ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာေတာ့ နာက်င္ခ်ိန္ပိုမွာ ႐ိုဒရီရဲ႕ သြင္းဂိုးနဲ႔အတူ ႏွစ္ဂိုး တစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ စီးတီးတို႔အႏိုင္ရခဲ့တာပါ။
ဂြာဒီယိုလာက – “ပြဲမစခင္က ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဒီပြဲကို ႏိုင္ဖို႔ထိုက္တန္ရင္ ႏိုင္ခ်င္ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ထိုက္တန္ခဲ့တယ္။ ေဘာလုံးမွာ မွ်တရင္ ကြၽန္ေတာ္ေက်နပ္ႏွစ္သက္ပါတယ္။ အာဆင္နယ္ကို အႏိုင္ ရခဲ့တဲ့အတြက္ ကြၽန္ေတာ္ေပ်ာ္ပါတယ္။ ဒါေပမယ့္အဲ့ပြဲက ကြၽန္ေတာ္တို႔ႏိုင္ဖို႔ မထိုက္တန္ခဲ့ပါဘူး။ ”
“ကြၽန္ေတာ္တို႔ ဇယားရဲ႕ အလယ္နဲ႔ ေအာက္က အသင္းေတြနဲ႔လဲ ေကာင္းေကာင္းကစားႏိုင္ခဲ့ၿပီး ၁၂ ပြဲဆက္ႏိုင္ပြဲဆိုတာကို ရယူထားႏိုင္ခဲ့ပါတယ္။အာဆင္နယ္နဲ႔က ကံေကာင္းခဲ့တာဆိုေပမယ့္ က်န္တဲ့ပြဲေတြကေတာ့ ထိုက္တန္စြာႏိုင္ခဲ့တာပါ။” လို႔ ေျပာဆိုခဲ့ပါတယ္။
ခ်န္ပီယံ လမ္းေၾကာင္းေပၚမွာ ခ်ဲလ္ဆီး ၊ လီဗာပူးတို႔က စီးတီးကို လိုက္လံ ဖိအားေပးေနတာ ျဖစ္ေပမယ့္ အမွတ္ေပး ဇယား ပထမေနရာက မန္စီးတီးက လီဗာပူးကို ၁၁ မွတ္၊ ခ်ဲလ္ဆီးကို ၁၃မွတ္အထိ အမွတ္ျဖတ္ ထားနိုင္ပါတယ္။