ဒီည အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် မိုက်ကယ်အိုဝင် ဟောကိန်း

ဒီနေ့ညမှာတော့ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ရဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကို ဒုတိယ အကျော့ အဖြစ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အန်းဖီးမှာ ကန်ခဲ့တဲ့ ပထမအကျော့ ပွဲစဉ်ကတော့ ဂိုးမရှိ သရေနဲ့ ပြီးဆုံးထားခဲ့တာပါ။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က ဒီပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

“ကျွန်တော့် အနေနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က လီဗာပူးကို အန်ဖီးမှာ သရေ ကစားသွားခဲ့တဲ့ အာဆင်နယ်ရဲ့ performance နဲ့ ပက်သက်ပြီး အတော်လေး သဘောကျမိခဲ့တယ်လို့ ဝန်ခံ သွားရမှာ ဖြစ်ပါတယ်။

လူတစ်ယောက်လျော့နဲ့ လီဗာပူးကို အချိန် အကြာကြီး ရင်ဆိုင် ကစားခဲ့ရပေမယ့် ဒီလို ရလဒ်မျိုးကို ရယူနိုင်ခဲ့တာဟာ အာဆင်နယ်တို့ ရလေ့ ရှိခဲ့တဲ့ ရလဒ်မျိုး မဟုတ်ပါဘူး။

လီဗာပူးဟာ ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ခြေစွမ်းပြ ကစားခဲ့ပြီး သူတို့ အနေနဲ့ ၃ ဂိုးထက်တောင် ပိုရခဲ့သင့်ပါတယ်။ မာဆေးဆိုက် ကလပ် အနေနဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဆာလား နဲ့ မာနေး တို့ကို အာဖရိကဖလား အတွက် လက်လွှတ်ပေးထား ရတာ ကတော့ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဒါပေမယ့် ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်မှာ အောက်စလိတ်ချိန်ဘာလိန် နဲ့ ဂျိုတာ တို့ဟာ တစ်ပွဲလုံး ခြေစွမ်း ထက်မြက်ခဲ့ပါတယ်။

ကျွန်တော် ကတော့ အာဆင်နယ် အနေနဲ့ ဒီပွဲစဉ်မှာ ပြီးခဲ့တဲ့ ပွဲတုန်းကထက်တော့ ဘောလုံး ပိုမို ကိုင်ကစားခွင့် ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ အာဆင်နယ်ကို တန်ပြန် တိုက်စစ်တွေနဲ့ ပြသနာတွေ များပြား စေလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။

လီဗာပူးတို့ အမ်းမရိတ်မှာ ၂-၁ နဲ့ အနိုင်ယူပြီး ဖိုင်နယ် တက်သွားပါလိမ့်မယ်။” လို့ မိုက်ကယ် အိုဝင်က ခန့်မှန်း သုံးသပ်လို့ ထားပါတယ်။

အာဆင်နယ်နဲ့ လီဗာပူး အသင်းတို့ဟာ ဇန်နဝါရီ ၂၁ ရက်၊ သောကြာနေ့ နံနက် ၂း၁၅ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ZG

ဒီေန႔ညမွာေတာ့ အာဆင္နယ္နဲ႕ လီဗာပူးအသင္းတို႔ရဲ႕ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္ကို ဒုတိယ အေက်ာ့ အျဖစ္ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ အန္းဖီးမွာ ကန္ခဲ့တဲ့ ပထမအေက်ာ့ ပြဲစဥ္ကေတာ့ ဂိုးမရွိ သေရနဲ႕ ျပီးဆံုးထားခဲ့တာပါ။

နာမည္ေက်ာ္ တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္က ဒီပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မွန္း ထားပါတယ္။

“ကြၽန္ေတာ့္ အေနနဲ႔ ၿပီးခဲ့တဲ့ တစ္ပတ္က လီဗာပူးကို အန္ဖီးမွာ သေရ ကစားသြားခဲ့တဲ့ အာဆင္နယ္ရဲ႕ performance နဲ႔ ပက္သက္ၿပီး အေတာ္ေလး သေဘာက်မိခဲ့တယ္လို႔ ၀န္ခံ သြားရမွာ ျဖစ္ပါတယ္။

လူတစ္ေယာက္ေလ်ာ့နဲ႔ လီဗာပူးကို အခ်ိန္ အၾကာႀကီး ရင္ဆိုင္ ကစားခဲ့ရေပမယ့္ ဒီလို ရလဒ္မ်ိဳးကို ရယူႏိုင္ခဲ့တာဟာ အာဆင္နယ္တို႔ ရေလ့ ရွိခဲ့တဲ့ ရလဒ္မ်ိဳး မဟုတ္ပါဘူး။

လီဗာပူးဟာ ၿပီးခဲ့တဲ့ ဘရန္႔ဖို႔ဒ္နဲ႔ ပြဲစဥ္မွာ ေျခစြမ္းျပ ကစားခဲ့ၿပီး သူတို႔ အေနနဲ႔ ၃ ဂိုးထက္ေတာင္ ပိုရခဲ့သင့္ပါတယ္။ မာေဆးဆိုက္ ကလပ္ အေနနဲ႔ အဓိက ကစားသမားေတြ ျဖစ္ၾကတဲ့ ဆာလား နဲ႔ မာေနး တို႔ကို အာဖရိကဖလား အတြက္ လက္လႊတ္ေပးထား ရတာ ကေတာ့ ႀကီးမားတဲ့ ဆုံးရႈံးမႈ ျဖစ္ပါတယ္။ ဒါေပမယ့္ ဘရန္ဖို႔ဒ္နဲ႔ ပြဲစဥ္မွာ ေအာက္စလိတ္ခ်ိန္ဘာလိန္ နဲ႔ ဂ်ိဳတာ တို႔ဟာ တစ္ပြဲလုံး ေျခစြမ္း ထက္ျမက္ခဲ့ပါတယ္။

ကြၽန္ေတာ္ ကေတာ့ အာဆင္နယ္ အေနနဲ႔ ဒီပြဲစဥ္မွာ ၿပီးခဲ့တဲ့ ပြဲတုန္းကထက္ေတာ့ ေဘာလုံး ပိုမို ကိုင္ကစားခြင့္ ရလိမ့္မယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးဟာ အာဆင္နယ္ကို တန္ျပန္ တိုက္စစ္ေတြနဲ႔ ျပသနာေတြ မ်ားျပား ေစလိမ့္မယ္လို႔ ကြၽန္ေတာ္ ယူဆပါတယ္။

လီဗာပူးတို႔ အမ္းမရိတ္မွာ ၂-၁ နဲ႔ အႏိုင္ယူၿပီး ဖိုင္နယ္ တက္သြားပါလိမ့္မယ္။” လို႔ မိုက္ကယ္ အို၀င္က ခန္႔မွန္း သံုးသပ္လို႔ ထားပါတယ္။

အာဆင္နယ္နဲ႕ လီဗာပူး အသင္းတို႔ဟာ ဇန္နဝါရီ ၂၁ ရက္၊ ေသာၾကာေန႔ နံနက္ ၂း၁၅ နာရီမွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။