သူ့လက်ထက် အာဆင်နယ် အနီကတ် ၁၄ ကတ် ထိ ရထားတာအတွက် ဆင်ခြေမရှိဘူး ဆိုတဲ့ အာတီတာ

အာဆင်နယ် ကွင်းလယ်လူ သောမတ်စ်ပါတေးဟာ လီဗာပူးကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ၂ဝါ၊ ၁နီနဲ့ ထုတ်ပယ် ခံခဲ့ရပြန်ရာ နည်းပြ အာတီတာက အသင်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ဆိုးရွားနေမှုကို ပို မီးမောင်းထိုးပြရာ ရောက်ခဲ့ပါတယ်။

ပါတေးဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဂါနာအသင်းအတွက် ပါဝင်ကစားပေးအပြီး ၄၈ နာရီအကြာမှာပဲ လီဗာပူးနဲ့ပွဲအတွက် အရန်စာရင်းမှာ ပါဝင်လာပြီး ပွဲချိန် ၇၄ မိနစ်မှာ စမစ်ရိုအစား လူစားဝင်ကစားခဲ့ပါတယ်။

ဒါပေမဲ့ ပါတေးဟာ ၃ မိနစ်အတွင်း အဝါကတ် ၂ကြိမ်ပြသခံခဲ့ရပြီးနောက် ဘန်လေနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရတော့မှာဖြစ်ပါတယ်။

အာတီတာက – “ပါတေး ပွဲပယ်ခံရတာက ကြီးမားတဲ့ဆုံးရှုံးမှုပါ။ ကစားသမားအများစု မပါနိုင်ချိန်မှာ သူ့ကိုပါ ဆုံးရှုံးရမယ် ဆိုတော့ မဟုတ်သေးဘူးပေါ့ဗျာ။ ကျွန်တော်တို့အနေနဲ့ ဒီအမှားတွေကနေ သင်ခန်းစာယူရပါမယ်။

ကျွန်တော်တို့ဟာ ဒီနှစ်ထဲမှာ ၃ပွဲအထိ တစ်ယောက်လျော့နဲ့ကစားခဲ့ရတယ်။ ထိပ်တန်းအသင်းတွေနဲ့ဆိုရင် ဒီလိုသွားလုပ်လို့မရပါဘူး။ ၁၁ယောက်ချင်းမှာတောင် အနိုင်ရဖို့ ခက်တဲ့အနေအထားမှာ တစ်ယောက်လျော့သွားတော့ တကယ့်စိန်ခေါ်မှုကြီးဖြစ်သွားပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ပါတေး အနီကတ်ဟာ နည်းပြအာတီတာလက်ထက် ၂နှစ်ကျော် ကာလအတွင်း အာဆင်နယ်အသင်းအနေနဲ့ ၁၄ ကြိမ်မြောက် အနီကတ် ပြသခံခဲ့ရတာဖြစ်ပြီး နောက်ဆုံး ၄ပွဲမှုာ ၃ဦးအထိ အနီကတ်ပြသခံခဲ့ရတာပါ။

” စည်းကမ်းပိုင်း ဆိုးရွားနေမှုကို လုံးဝအမြစ်ဖြတ်ရပါမယ်။ ကျွန်တော်တို့ဟာ ပွဲတွေ အနိုင်ရဖို့ကစားနေတာဖြစ်ပြီး ၁၁ယောက်ချင်းပဲ ကစားရပါမယ်။ အမှားတွေကနေ သင်ခန်းစာယူရမှာဖြစ်ပြီး ဘယ်လိုဆင်ခြေမျိုးကိုမှ လက်သင့်ခံမှာ မဟုတ်ပါဘူး။ ” လို့ အာတီတာက ဆိုခဲ့ပါတယ်။

Zawgyi

အာဆင္နယ္ ကြင္းလယ္လူ ေသာမတ္စ္ပါေတးဟာ လီဗာပူးကို ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ ၂ဝါ၊ ၁နီနဲ႔ ထုတ္ပယ္ ခံခဲ့ရျပန္ရာ နည္းျပ အာတီတာက အသင္းရဲ႕ စည္းကမ္းပိုင္းဆိုင္ရာ ဆိုး႐ြားေနမႈကို ပို မီးေမာင္းထိုးျပရာ ေရာက္ခဲ့ပါတယ္။

ပါေတးဟာ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာ ဂါနာအသင္းအတြက္ ပါဝင္ကစားေပးအၿပီး ၄၈ နာရီအၾကာမွာပဲ လီဗာပူးနဲ႔ပြဲအတြက္ အရန္စာရင္းမွာ ပါဝင္လာၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာ စမစ္႐ိုအစား လူစားဝင္ကစားခဲ့ပါတယ္။

ဒါေပမဲ့ ပါေတးဟာ ၃ မိနစ္အတြင္း အဝါကတ္ ၂ႀကိမ္ျပသခံခဲ့ရၿပီးေနာက္ ဘန္ေလနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။

အာတီတာက – “ပါေတး ပြဲပယ္ခံရတာက ႀကီးမားတဲ့ဆုံးရႈံးမႈပါ။ ကစားသမားအမ်ားစု မပါႏိုင္ခ်ိန္မွာ သူ႔ကိုပါ ဆုံးရႈံးရမယ္ ဆိုေတာ့ မဟုတ္ေသးဘူးေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီအမွားေတြကေန သင္ခန္းစာယူရပါမယ္။

ကြၽန္ေတာ္တို႔ဟာ ဒီႏွစ္ထဲမွာ ၃ပြဲအထိ တစ္ေယာက္ေလ်ာ့နဲ႔ကစားခဲ့ရတယ္။ ထိပ္တန္းအသင္းေတြနဲ႔ဆိုရင္ ဒီလိုသြားလုပ္လို႔မရပါဘူး။ ၁၁ေယာက္ခ်င္းမွာေတာင္ အႏိုင္ရဖို႔ ခက္တဲ့အေနအထားမွာ တစ္ေယာက္ေလ်ာ့သြားေတာ့ တကယ့္စိန္ေခၚမႈႀကီးျဖစ္သြားပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ပါေတး အနီကတ္ဟာ နည္းျပအာတီတာလက္ထက္ ၂ႏွစ္ေက်ာ္ ကာလအတြင္း အာဆင္နယ္အသင္းအေနနဲ႔ ၁၄ ႀကိမ္ေျမာက္ အနီကတ္ ျပသခံခဲ့ရတာျဖစ္ၿပီး ေနာက္ဆုံး ၄ပြဲမႈာ ၃ဦးအထိ အနီကတ္ျပသခံခဲ့ရတာပါ။

” စည္းကမ္းပိုင္း ဆိုး႐ြားေနမႈကို လုံးဝအျမစ္ျဖတ္ရပါမယ္။ ကြၽန္ေတာ္တို႔ဟာ ပြဲေတြ အႏိုင္ရဖို႔ကစားေနတာျဖစ္ၿပီး ၁၁ေယာက္ခ်င္းပဲ ကစားရပါမယ္။ အမွားေတြကေန သင္ခန္းစာယူရမွာျဖစ္ၿပီး ဘယ္လိုဆင္ေျခမ်ိဳးကိုမွ လက္သင့္ခံမွာ မဟုတ္ပါဘူး။ ” လို႔ အာတီတာက ဆိုခဲ့ပါတယ္။