ဒီည အာဆင်နယ်နဲ့ ဘန်လေ တို့ ပွဲစဉ် အတွက် မိုက်ကယ်အိုဝင်၊ လော်ရိုးနဲ့ ပေါမာဆန် တို့ သုံးသပ်ချက်များ

အာဆင်နယ် အသင်းဟာ ဒီည ပရီးမီးယားလိဂ်မှာ ဘန်လေ အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်းမှာ ဧည့်ခံ ကစားရတော့မှာပါ။ ဒီနှစ်သင်းဟာ ဇန်နဝါရီ ၂၃ ရက်၊ တနင်္ဂနွေနေ့ ည ၈း၃ဝ နာရီ၊ အမ်းမရိတ်ကွင်းမှာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ဘန်လေအသင်း တို့ ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်၊ ဘီဘီစီမှ လော်ရိုးနဲ့ ဂုရုကြီး ပေါမာဆန် တို့က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” အဆင့် ၄ နေရာ မှန်းနေတဲ့ အာဆင်နယ် အတွက်တော့ ဒီပွဲက ပွဲကြီးပွဲကောင်းပါ။ ဒီတလောမှာ သူတို့ ခံစစ်ပိုင်းက တိုးတက်မှုတွေ ပြသထားတယ်။ ဒီတိုင်းသာ ဆက်သွားနိုင်မယ် ဆိုရင် အမှတ်တွေ အများကြီး ယူနိုင်ဦးမှာပါ။

ဘန်လေက ပွဲမကစားတာ ၂ပတ်လောက် ရှိနေပါပြီ။ အနည်းဆုံး သူတို့က လန်းဆန်းနေပါလိမ့်မယ်။ ကစားသမားတွေ အနေနဲ့ ပွဲရွှေ့တာတွေကြောင့် ပွဲဆက်ပြတ်နေတော့ ဒီပွဲမှာ ဘယ်လိုလာမလဲ စိုးရိမ်မိပါတယ်။ အာဆင်နယ် ပဲ ဒီကနေ သက်တောင့်သက်သာ နိုင်ပွဲရသွားမယ်လို့ ကျေနာ် ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် – အာဆင်နယ် ၂-ဝ ဘန်လေ

လော်ရိုးက – ” ဘန်လေဟာ ပွဲပျက်တွေ အများကြီး ရှိခဲ့တဲ့နောက် မကြာခင်မှာ တစ်ပတ်ကို ၃ပွဲလောက် ကစား ရတော့မှာ ဖြစ်ပြီး အင်အားနည်းပါးတဲ့ အသင်းတစ်သင်း ဖြစ်တာနဲ့အတူ ပြဿနာတွေ များစွာဖြစ်လာမှာပါ။ ဒါပေမယ့် အခု အဲ့ဒါက အကြောင်းမဟုတ်ပါဘူး။

ခရစ်ဝုဒ်ကို နယူးကာဆယ်ထံ ဆုံးရှုံးလိုက်ရတာက ဘန်လေအတွက် ရိုက်ခတ်မှုတစ်ခု ဖြစ်ခဲ့ပေမယ့် သူတို့ဟာ ခရစ်ဝုဒ် မရှိဘဲ ကိုင်တွယ်ဖြေရှင်းနိုင်တယ် ဆိုတာကို ဒီမှာ သက်သေပြရမှာပါ။

ဒီပွဲမှာ အံ့အားသင့်စရာ ရလဒ်တစ်ခုကို ကျွန်တော် ခန့်မှန်းသွားမှာပါ။ မနေ့က လီဗာပူးနဲ့ ကာရာဘောင်းဖလားပွဲဟာ အာဆင်နယ်ရဲ့ ဒီတစ်ပတ်အတွက် အကြီးမားဆုံးပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲကို အာရုံစိုက်မှု လျော့သွားရင်တော့ ဘန်လေဟာ သူတို့ကို ဒုက္ခပေးသွားမှာပါ။

သရေလို့ ခန့်မှန်းပါတယ်။ ဘာလို့လဲဆိုတော့ ဘန်လေက ပရီးမီးယားလိဂ်ရဲ့ သရေပွဲ ကျွမ်းကျင်သူကြီး ဖြစ်နေလို့ပါ။ ” ိလို့ သုံးသပ်ထားပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းရလဒ် – အာဆင်နယ် ၁-၁ ဘန်လေ

ဒါက နှစ်သင်းလုံးအတွက် ကြီးမားတဲ့ ပရီးမီးယားလိဂ်ပွဲတစ်ပွဲပါ။ ဘန်လေဟာ အခုချိန်မှာ ပွဲတွေအများကြီး ဖျက်သိမ်းထားခဲ့ရတာပါ။ သူတို့မကစားရသေးတဲ့ ပွဲတွေအများကြီး ကျန်နေသေးတာနဲ့အတူ ဘန်လေဟာ အခုကနေစပြီး ကစားခွင့်ရတဲ့အချိန်မှာ အနိုင်ရနိုင်လောက်တဲ့ ပွဲတွေကို ရွေးချယ်ဖို့လိုပါတယ်။

အာဆင်နယ်အတွက်တော့ ဒါက လီဗာပူးနဲ့ ဖလားပွဲထက် ပိုပြီးကြီးမားတဲ့ ပွဲတစ်ပွဲ ဖြစ်မှာပါ။ သူတို့ဟာ လိဂ်ဖလား ကနေလည်း ထွက်လိုက်ရပြီဖြစ်လို့ ပရီးမီးယားလိဂ် အဆင့်လေးအတွင်း ဝင်ဖို့က ပိုပြီး အဓိက ကျပါလိမ့်မယ်။ လီဗာပူးကို ရှုံးခဲ့ပေမယ့် ဘန်လေကို အနိုင်ရလိုက်ရင် ပျော်ပျော်ကြီး အောင်ပွဲခံရမှာပါ။

ဘန်လေဟာ အခုချိန်မှာ ကိုင်တွယ်ဖြေရှင်းရမယ့်ပြဿနာများစွာ ရှိနေတာကြောင့် ဒီပွဲမှာ အာဆင်နယ် နိုင်ဖို့ကလွဲရင် အခြားရလဒ် မရှိပါဘူး။

ပေါလ်မာဆန် ခန့်မှန်းရလဒ် – အာဆင်နယ် ၃-၀ ဘန်လေ