ဈေးကွက် ပိတ်ခါနီးမှ တိုက်စစ်မှုး သစ် ရဖို့ ကသောင်းကနင်း ရှာနေရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ပိတ်ခါနီး ရက်ပိုင်းအလိုမှာပဲ တိုက်စစ်မှုးသစ် တစ်ဦး အမှီ ခေါ်ယူချင်တာကြောင့် အသည်းအသန် လှုပ်ရှားနေရပြီ ဖြစ်ပါတယ်။ လက်ရှိမှာ နာပိုလီ တိုက်စစ်မှုး ဗစ်တာ အိုဆီမန်နဲ့ အက်စတွန်ဗီလာမှ အိုလီ ဝက်ကင်းစ်တို့ကို အာဆင်နယ်က ချိတ်ဆက်နေပါတယ်။

အာဆင်နယ် နည်းပြ မီခေးလ် အာတီတာက တိုက်စစ်မှုးသစ် လိုချင်တာကြောင့် ဇန်နဝါရီ လ တလျောက်လုံး လှုပ်ရှားခဲ့ပြီး ဗလာဟိုဗစ် ကိုလည်း အချိန်ယူ ကြိုးစားခဲ့ပေမယ့် ၎င်းက ဖီအိုရင်တီးနားကနေ ဂျူဗင်တပ် သို့ပဲ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ရီးရဲလ် ဆိုဆီဒက် တိုက်စစ်မှုး အိုင်ဆက်ကလည်း အာဆင်နယ်ရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်ပေမယ့် ဆွီဒင် လက်ရွေးစင် ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေးက ပေါင် ၇၅ သန်း ရှိနေပြီး ကစားသမား ကိုယ်တိုင်က ရာသီကုန်ထိ စပိန်ကလပ်မှာပဲ ဆက်နေချင်ခဲ့ပါတယ်။

တနင်္လာနေ့ ဆိုရင်ပဲ အပြောင်းအရွှေ့က ပိတ်တော့မှာ ဖြစ်တာကြောင့် အာဆင်နယ် အတွက် အချိန် များများ မရတော့ဘဲ တိုက်စစ်မှုး တစ်ဦး ရဖို့ မှီရာဆွဲ အသည်းအသန် လုပ်နေရပြီ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ပစ်မှတ်တွေထဲမှာ လိုင်လီမှာ ဂျိုနသန် ဒေးဗစ်၊ ချယ်ဆီး တိုက်စစ်မှုးဟောင်း ဒီယေဂို ကော်စတာ တို့လည်း ပါဝင်ခဲ့ပြီး တကယ်တမ်းတော့ ဘယ် အပြောင်းအရွှေ့မှ ဖြစ်မြောက် မလာသေးပါဘူး။

တိုက်စစ်မှုးသစ် ခေါ်ဖို့ အပြင် အာဆင်နယ် အနေနဲ့ အပြောင်းအရွှေ့ မပိတ်ခင် အူဘာမီးယန်းကို ထွက်ခွာခွင့် ပြုမလား ဆိုတာကိုလည်း ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ ရှိနေပါတယ်။ ဂါဘွန်သားကို ဂျူဗင်တပ်ရော ဘာစီလိုနာကပဲ ချိတ်ဆက်နေပြီ ဖြစ်ပြီး အငှား ခေါ်မယ် ဆိုရင် ဂန်းနားတို့က အူဘာမီးယန်း လစာကို အငှားကလပ်ကပဲ အပြည့် ပေးချေစေလို နေပါတယ်။

ဒါ့အပြင် အန်ကတ်တီးယားကလည်း အသင်းပြောင်းဖို့ လှုပ်ရှားနေပြီး နယူးကာဆယ် က တနင်္လာနေ့ မတိုင်ခင် ခေါ်ယူနိုင်မယ် လို့ ယုံကြည်ချက် ရှိနေပါတယ်။ အူဘာနဲ့ အန်ကတ်တီးယား နှစ်ယောက်လုံးကို လက်လွှတ်ရရင်တော့ တိုက်စစ်မှုးသစ် အရခေါ်ဖို့ အာဆင်နယ် အရေးကြီးနေပြီ ဖြစ်ပါတယ်။

ZG

အာဆင္နယ္အသင္းဟာ ဇန္နဝါရီ အေျပာင္းအေရႊ႕ ပိတ္ခါနီး ရက္ပိုင္းအလိုမွာပဲ တိုက္စစ္မႈးသစ္ တစ္ဦး အမွီ ေခၚယူခ်င္တာေၾကာင့္ အသည္းအသန္ လႈပ္ရွားေနရျပီ ျဖစ္ပါတယ္။ လက္ရွိမွာ နာပိုလီ တိုက္စစ္မႈး ဗစ္တာ အိုဆီမန္နဲ႕ အက္စတြန္ဗီလာမွ အိုလီ ဝက္ကင္းစ္တို႔ကို အာဆင္နယ္က ခ်ိတ္ဆက္ေနပါတယ္။

အာဆင္နယ္ နည္းျပ မီေခးလ္ အာတီတာက တိုက္စစ္မႈးသစ္ လိုခ်င္တာေၾကာင့္ ဇန္နဝါရီ လ တေလ်ာက္လံုး လႈပ္ရွားခဲ့ျပီး ဗလာဟိုဗစ္ ကိုလည္း အခ်ိန္ယူ ၾကိဳးစားခဲ့ေပမယ့္ ၄င္းက ဖီအိုရင္တီးနားကေန ဂ်ဴဗင္တပ္ သို႔ပဲ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။

ရီးရဲလ္ ဆိုဆီဒက္ တိုက္စစ္မႈး အိုင္ဆက္ကလည္း အာဆင္နယ္ရဲ႕ ပစ္မွတ္စာရင္းထဲ ပါဝင္ေပမယ့္ ဆြီဒင္ လက္ေရြးစင္ ကစားသမားရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ေပါင္ ၇၅ သန္း ရွိေနျပီး ကစားသမား ကိုယ္တိုင္က ရာသီကုန္ထိ စပိန္ကလပ္မွာပဲ ဆက္ေနခ်င္ခဲ့ပါတယ္။

တနလၤာေန႔ ဆိုရင္ပဲ အေျပာင္းအေရႊ႕က ပိတ္ေတာ့မွာ ျဖစ္တာေၾကာင့္ အာဆင္နယ္ အတြက္ အခ်ိန္ မ်ားမ်ား မရေတာ့ဘဲ တိုက္စစ္မႈး တစ္ဦး ရဖို႔ မွီရာဆြဲ အသည္းအသန္ လုပ္ေနရျပီ ျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ပစ္မွတ္ေတြထဲမွာ လိုင္လီမွာ ဂ်ိဳနသန္ ေဒးဗစ္၊ ခ်ယ္ဆီး တိုက္စစ္မႈးေဟာင္း ဒီေယဂို ေကာ္စတာ တို႔လည္း ပါဝင္ခဲ့ျပီး တကယ္တမ္းေတာ့ ဘယ္ အေျပာင္းအေရႊ႕မွ ျဖစ္ေျမာက္ မလာေသးပါဘူး။

တိုက္စစ္မႈးသစ္ ေခၚဖို႔ အျပင္ အာဆင္နယ္ အေနနဲ႕ အေျပာင္းအေရႊ႕ မပိတ္ခင္ အူဘာမီးယန္းကို ထြက္ခြာခြင့္ ျပဳမလား ဆိုတာကိုလည္း ခက္ခက္ခဲခဲ ဆံုးျဖတ္ရဖို႔ ရွိေနပါတယ္။ ဂါဘြန္သားကို ဂ်ဴဗင္တပ္ေရာ ဘာစီလိုနာကပဲ ခ်ိတ္ဆက္ေနျပီ ျဖစ္ျပီး အငွား ေခၚမယ္ ဆိုရင္ ဂန္းနားတို႔က အူဘာမီးယန္း လစာကို အငွားကလပ္ကပဲ အျပည့္ ေပးေခ်ေစလို ေနပါတယ္။

ဒါ့အျပင္ အန္ကတ္တီးယားကလည္း အသင္းေျပာင္းဖို႔ လႈပ္ရွားေနျပီး နယူးကာဆယ္ က တနလၤာေန႔ မတိုင္ခင္ ေခၚယူနိုင္မယ္ လို႔ ယံုၾကည္ခ်က္ ရွိေနပါတယ္။ အူဘာနဲ႕ အန္ကတ္တီးယား နွစ္ေယာက္လံုးကို လက္လႊတ္ရရင္ေတာ့ တိုက္စစ္မႈးသစ္ အရေခၚဖို႔ အာဆင္နယ္ အေရးၾကီးေနျပီ ျဖစ္ပါတယ္။