စတာလင် သက်တမ်း မတိုးရင် နွေအတွက် အစီအစဉ် တွေးထားပြီ ဖြစ်တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ တိုက်စစ်သမား စတာလင်နဲ့ သက်တမ်းတိုး စာချုပ်သစ်အဆင်မပြေခဲ့ဘူးဆိုရင် နွေရာသီမှာ အင်္ဂလန်သား အတွက် ကမ်းလှမ်းမှုတွေကို နားစွင့်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ် အရွယ် တိုက်စစ်သမား ဟာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁၈ လသာ ကျန်တော့တာဖြစ်ကာ စီးတီး အတွင်းလူတွေရဲ့အဆိုအရ စာချုပ်သစ်အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

မန်စီးတီးကတော့ စတာလင်ကိုအသင်းမှာ ကာလရှည်ဆက်ထိန်းနိုင်ဖို့ ပြင်ဆင်နေပြီး တကယ်လို့ အဆင်မပြေ ခဲ့ရင်လည်း ရောင်းချဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေက ပြသခဲ့တဲ့ခြေစွမ်းတွေအရ စတာလင်တစ်ယောက် ဂွါဒီယိုလာရဲ့ပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်နိုင်ဖို့ နီးစပ်နေပေမယ့် ဆက်လက်ခြေစွမ်းပြနိုင်ဖို့တော့ လိုအပ်နေပါတယ်။

စတာလင်နဲ့ စာချုပ်သစ်ဆွေးနွေးမှုကို ၂၀၂၀ စက်တင်ဘာလတုန်းက စတင်ခဲ့ပေမယ့် အဲ့အချိန်ကတည်းက ရပ်တန့် ထားတာဖြစ်ပါတယ်။ ထိုသို့ ရပ်တန့်ထားမှုက စတာလင်ရဲ့ကစားသမားဘဝအခြေအနေကို ရိုက်ခတ်မှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီနောက်ဆုံးရက်သတ္တပတ်တုန်းက လီဗာပူး ကစားသမားဟောင်းဟာ ပွဲကြီးတွေမှာ အရန်ခုံထိုင်ခဲ့ရသလို အဲ့ပွဲတွေထဲမှာ ချဲလ်ဆီးကိုအရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲလည်း ပါဝင်နေပါတယ်။

ဒါပမယ့် မကြာသေးခင်တုန်းက ၁၂ ပွဲဆက်နေရာပြန်ရခဲ့ပြီးနောက် အသင်းမှာဆက်ရှိဖို့ အခြေအနေ ပြန် ကောင်းလာခဲ့ပါတယ်။ အင်္ဂလန်သားကို ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ် နဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Zawgyi

မန္စီးတီးအသင္းဟာ တိုက္စစ္သမား စတာလင္နဲ႕ သက္တမ္းတိုး စာခ်ဳပ္သစ္အဆင္မေျပခဲ့ဘူးဆိုရင္ ေႏြရာသီမွာ အဂၤလန္သား အတြက္ ကမ္းလွမ္းမႈေတြကို နားစြင့္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

အသက္ ၂၇ ႏွစ္ အရြယ္ တိုက္စစ္သမား ဟာ လက္ရွိစာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၁၈ လသာ က်န္ေတာ့တာျဖစ္ကာ စီးတီး အတြင္းလူေတြရဲ႕အဆိုအရ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

မန္စီးတီးကေတာ့ စတာလင္ကိုအသင္းမွာ ကာလရွည္ဆက္ထိန္းႏိုင္ဖို႔ ျပင္ဆင္ေနၿပီး တကယ္လို႔ အဆင္မေျပ ခဲ့ရင္လည္း ေရာင္းခ်ဖို႔ အသင့္ရွိေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ပြဲေတြက ျပသခဲ့တဲ့ေျခစြမ္းေတြအရ စတာလင္တစ္ေယာက္ ဂြါဒီယိုလာရဲ႕ပြဲထြက္လူစာရင္းမွာ ပုံမွန္ပါဝင္ႏိုင္ဖို႔ နီးစပ္ေနေပမယ့္ ဆက္လက္ေျခစြမ္းျပႏိုင္ဖို႔ေတာ့ လိုအပ္ေနပါတယ္။

စတာလင္နဲ႕ စာခ်ဳပ္သစ္ေဆြးေႏြးမႈကို ၂၀၂၀ စက္တင္ဘာလတုန္းက စတင္ခဲ့ေပမယ့္ အဲ့အခ်ိန္ကတည္းက ရပ္တန္႔ ထားတာျဖစ္ပါတယ္။ ထိုသို႔ ရပ္တန႔္ထားမႈက စတာလင္ရဲ႕ကစားသမားဘဝအေျခအေနကို ႐ိုက္ခတ္မႈေတြရွိေနပါတယ္။

ၿပီးခဲ့တဲ့ရာသီေနာက္ဆုံးရက္သတၱပတ္တုန္းက လီဗာပူး ကစားသမားေဟာင္းဟာ ပြဲႀကီးေတြမွာ အရန္ခုံထိုင္ခဲ့ရသလို အဲ့ပြဲေတြထဲမွာ ခ်ဲလ္ဆီးကိုအေရးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲလည္း ပါဝင္ေနပါတယ္။

ဒါပမယ့္ မၾကာေသးခင္တုန္းက ၁၂ ပြဲဆက္ေနရာျပန္ရခဲ့ၿပီးေနာက္ အသင္းမွာဆက္ရွိဖို႔ အေျခအေန ျပန္ ေကာင္းလာခဲ့ပါတယ္။ အဂၤလန္သားကို ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ အာဆင္နယ္ နဲ႔ ပီအက္စ္ဂ်ီတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနၾကပါတယ္။