မန်စီးတီး V ဖူလ်ဟမ်တို့ရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းချက်
ဒီအပတ်မှာတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့် ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားကြမှာပါ။ အဆိုပါ ပွဲစဉ်တွေထဲက မန်စီးတီးနဲ့ ဖူလ်ဟမ်တို့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်အတွက် ဘောလုံးပွဲ ခန့်မှန်းသူ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းကို ဖော်ပြသွားမှာဖြစ်ပါတယ်။
Man City v Fulham
ပရီးမီးယားလိဂ် ထိပ်ဆုံးအသင်းနဲ့ ချန်ပီယံရှစ်က ထိပ်ဆုံးအသင်းတို့ ပြိုင်ဆိုင်မှုပါ။ ဖူလ်ဟမ်ရဲ့ တိုက်စစ်ကစားပုံက အီးသီဟဒ်မှာ သူတို့ကို အကူအညီဖြစ်စေမယ် မထင်ပါဘူး။
ဖူလ်ဟမ်က ဒီရာသီမှာ တိုက်စစ်သွင်းဂိုး အတော်လေး ရထားပေမယ့်လို့ သူတို့ ဂိုးတွေ သွင်းယူထားတာက ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဖြစ်ပါတယ်။ အခုလို အဆင့်မြင့်တန်းက ခံစစ်အကောင်းဆုံးဖြစ်တဲ့ မန်စီးတီးလို အသင်းကို ရင်ဆိုင်ချိန်မှာ သူတို့ ဘာလုပ်ပြနိုင်မလဲ စိတ်ဝင်စားစရာပါ။ ဒါက သူတို့အတွက် ကြီးမားတဲ့ ခြေလှမ်း ဖြစ်လာစေပါမယ်။
ဖူလ်ဟမ်က ချန်ပီယံရှစ်ကနေ တန်းတက်နိုင်ဖို့ အခွင့်အရေးကောင်း ရှိထားတဲ့အသင်း ဖြစ်ပါတယ်။ ဒီတော့ ဒီပွဲကို အင်ပြည့်အားပြည့်ဖြင့် ထုတ်ကစားလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လာမယ်ဆိုတာ ကြည့်ကြတာပေါ့။
ဖူလ်ဟမ်က မန်စီးတီးကို ဒုက္ခကြီးတွေ ပေးနိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် ဒီလို မထင်ထားတာကပဲ သူတို့ကို လွတ်လပ်စွာ ကစားခွင့် ဖြစ်သွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ကြရန်ပါ။
လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၂-၀ ဖူလ်ဟမ်