Man City v Brentford ပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းချက် ထွက်ပါပြီ

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲတွေ တစ်ကျော့ပြန် စတင်ပြီဖြစ်ပါတယ်။ ချယ်ဆီးအသင်းက ကလပ်ကမ္ဘာဖလား ပြိုင်ပွဲကြောင့် အမှတ်ပေးပွဲ မရှိပေမယ့် မန်စီးတီး၊ လီဗာပူးတို့ရဲ့ ထိပ်ဆုံးနေရာက ပြိုင်ဆိုင်မှု တိုက်ပွဲတွေကို မြင်ရဖို့ ရှိပါတယ်။

ဒီအပတ်ပွဲတွေအတွက် ဘီဘီစီမှ ဘောလုံးပွဲ သုံးသပ် ခန့်မှန်းသူ လော်ရိုးရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြမှာဖြစ်ပါတယ်။

Man City v Brentford

ဘရန့်ဖိုဒ့်က သူတို့ရဲ့ ပုံစံကောင်းတွေကို စတင် ဆုံးရှုံးပြီး တစ်ပွဲကို ၃ ဂိုးလောက်နဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက် အရေးနိမ့်ထားပါတယ်။ ဒါက အီသီးဟဒ်လို ကွင်းထံ သွားရောက်ကစားချိန်မှာ အထူးသဖြင့် ကစားပုံ သိပ်ကောင်းနေတဲ့ မန်စီးတီးကို ရင်ဆိုင်ရာမှာ လိုချင်တဲ့ စွမ်းဆောင်ရည်မျိုး မဟုတ်ပါဘူး။

ခရစ်စမတ်တုန်းက ဘရန့်ဖိုဒ့်က သူတို့ အိမ်ကွင်းမှာ စီးတီးကို ပွဲကောင်းတစ်ပွဲ ကစားပေးခဲ့ပြီး ၁-၀ ဖြင့်ပဲ အရေးနိမ့်သွားပါတယ်။ ဒီပွဲမှာတော့ အဲ့လို ကျဉ်းမြောင်းတဲ့ ရလဒ် ထွက်ပေါ်လာမှာ မဟုတ်ပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်စီးတီး 4-1 ဘရန့်ဖိုဒ့်