အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် လာကာဇက် ကို အတည်ပြု လိုက်ပြီ ဖြစ်တဲ့ အာတီတာ

နည်းပြ အာတီတာက လစ်လပ်နေတဲ့ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် နေရာကို လာကာဇက် အား တာဝန်ပေးလိုက်တယ်လို့ အတည်ပြု ခဲ့ပါတယ်။

တိုက်စစ်မှုး လာကာဇက်ဟာ နည်းပြ အူးနိုင်းအမ်မရီ ခေတ်ကထဲက အသင်းခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်း ကွာဟချက်ကြောင့် အူဘာမီယန်ကို အသင်းခေါင်းဆောင် ရာထူးပေးထားခဲ့ပါတယ်။

အူဘာမီယန်ဟာ အာဆင်နယ်မှာ စည်းကမ်းပိုင်း အားနည်းချက်တွေကြောင့် အသင်းခေါင်းဆောင်ရာထူးက ဖယ်ရှား ခံခဲ့ရပြီး နောက် ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွေ့မှာ ဘာစီလိုနာကို ပြောင်းရွေ့သွားခဲ့တာပါ။ ဒါကြောင့် အူဘာမီယန်း မရှိချိန်မှာ လာကာဇက်အသင်းခေါင်းဆောင် ဖြစ်တာဟာ ထူးဆန်းတဲ့ သတင်းတော့ မဟုတ်ပါဘူး။ အသင်းမှာ ချာကာနဲ့ ဟိုးဒင်းတို့ကတော့ အရံ အသင်းခေါင်းဆောင်အဖြစ် ရှိနေတာပါ။

ကြာသပတေးနေ့ ဝုဒ်အသင်းနဲ့ ပွဲ မတိုင်မီမှာ အာတီတာက”လာကာဇက်ဟာ အခုလက်ရှိ အသင်းခေါင်းဆောင် ဖြစ်နေမှာပါ” လို့ အာတီတာက ပြောခဲ့ပါတယ်။

လာကာဇက် အသင်းမှာ အသင်းခေါင်းဆောင် အဖြစ် ဘယ်လောက် ကြာကြာရှိမယ် ဆိုတာကတော့ သူအသင်းနဲ့ စာချုပ်သက်တမ်းတိုးမတိုးအပေါ် မူတည်နေပါတယ်။

လာကာဇက်ဟာ အသင်းနဲ့ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အသင်းဟောင်း လိုင်ယွန်က သူ့ကို ပြန်လည်ခေါ်ယူနိုင်ဖို့ချိတ်ဆက်ထားပါတယ်။ လာကာဇက်ကို အသင်းခေါင်းဆောင်ရာထူးပေးထားတာဟာ အာဆင်နယ်ရဲ့ ပြင်သစ်သား ဗီအဲရာကို ပြန်ပြီးလဲ အမှတ်ရစေပါတယ်။

လာကာဇက်ကိုယ်တိုင်လဲ အာဆင်နယ်အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူရတာကို နှစ်သက်နေကြောင်းကို “ပွဲအ စမှာ ကွင်းထဲကို ဝင်လာရတာက စပြီး ပွဲချိန်တလျှောက်မှာရော လက်မောင်းမှာ အပတ်နဲ့ အသင်း ခေါင်းဆောင်အဖြစ် ခံစားရတာ တကယ်ကောင်းတဲ့ အခိုက်အတန့်ပါပဲ”လို့ အသင်း website မှာပြောဆိုခဲ့ပါတယ်။

ZG

နည္းျပ အာတီတာက လစ္လပ္ေနတဲ့ အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ေနရာကို လာကာဇက္ အား တာဝန္ေပးလိုက္တယ္လို႔ အတည္ျပဳ ခဲ့ပါတယ္။

တိုက္စစ္မႈး လာကာဇက္ဟာ နည္းျပ အူးႏိုင္းအမ္မရီ ေခတ္ကထဲက အသင္းေခါင္းေဆာင္တာဝန္ကို ထမ္းေဆာင္ခဲ့ဖူးသူ ျဖစ္ၿပီး စြမ္းေဆာင္ရည္ပိုင္း ကြာဟခ်က္ေၾကာင့္ အူဘာမီယန္ကို အသင္းေခါင္းေဆာင္ ရာထူးေပးထားခဲ့ပါတယ္။

အူဘာမီယန္ဟာ အာဆင္နယ္မွာ စည္းကမ္းပိုင္း အားနည္းခ်က္ေတြေၾကာင့္ အသင္းေခါင္းေဆာင္ရာထူးက ဖယ္ရွား ခံခဲ့ရၿပီး ေနာက္ ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေ႐ြ႕မွာ ဘာစီလိုနာကို ေျပာင္းေ႐ြ႕သြားခဲ့တာပါ။ ဒါေၾကာင့္ အူဘာမီယန္း မရွိခ်ိန္မွာ လာကာဇက္အသင္းေခါင္းေဆာင္ ျဖစ္တာဟာ ထူးဆန္းတဲ့ သတင္းေတာ့ မဟုတ္ပါဘူး။ အသင္းမွာ ခ်ာကာနဲ႔ ဟိုးဒင္းတို႔ကေတာ့ အရံ အသင္းေခါင္းေဆာင္အျဖစ္ ရွိေနတာပါ။

ၾကာသပေတးေန႔ ဝုဒ္အသင္းနဲ႔ ပြဲ မတိုင္မီမွာ အာတီတာက”လာကာဇက္ဟာ အခုလက္ရွိ အသင္းေခါင္းေဆာင္ ျဖစ္ေနမွာပါ” လို႔ အာတီတာက ေျပာခဲ့ပါတယ္။

လာကာဇက္ အသင္းမွာ အသင္းေခါင္းေဆာင္ အျဖစ္ ဘယ္ေလာက္ ၾကာၾကာရွိမယ္ ဆိုတာကေတာ့ သူအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးမတိုးအေပၚ မူတည္ေနပါတယ္။

လာကာဇက္ဟာ အသင္းနဲ႔ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာ ျဖစ္ၿပီး အသင္းေဟာင္း လိုင္ယြန္က သူ႔ကို ျပန္လည္ေခၚယူႏိုင္ဖို႔ခ်ိတ္ဆက္ထားပါတယ္။ လာကာဇက္ကို အသင္းေခါင္းေဆာင္ရာထူးေပးထားတာဟာ အာဆင္နယ္ရဲ႕ ျပင္သစ္သား ဗီအဲရာကို ျပန္ၿပီးလဲ အမွတ္ရေစပါတယ္။

လာကာဇက္ကိုယ္တိုင္လဲ အာဆင္နယ္အသင္းေခါင္းေဆာင္ အျဖစ္ တာဝန္ယူရတာကို ႏွစ္သက္ေနေၾကာင္းကို “ပြဲအ စမွာ ကြင္းထဲကို ဝင္လာရတာက စၿပီး ပြဲခ်ိန္တေလွ်ာက္မွာေရာ လက္ေမာင္းမွာ အပတ္နဲ႔ အသင္း ေခါင္းေဆာင္အျဖစ္ ခံစားရတာ တကယ္ေကာင္းတဲ့ အခိုက္အတန္႔ပါပဲ”လို႔ အသင္း website မွာေျပာဆိုခဲ့ပါတယ္။