စပို့တင်း V မန်စီးတီး ချန်ပီယံလိဂ် ပွဲစဉ်အတွက် မိုက်ကယ်အိုဝင်ရဲ့ ပွဲကြို ခန့်မှန်းချက်

ဖော်ဝါရီလ အလယ်ကိုရောက်လာချိန် ပရီးမီးယားလိဂ် ၂၄ ပွဲ ကစားပြီးသွားပြီဖြစ်ပြီး အခုချိန်ထိ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေကို မမြင်တွေ့ရပါဘူး။

စိတ်ဝင်စားစရာ အကောင်းဆုံးနေရာက ဇယားထိပ်ပိုင်းဖြစ်ပြီး မန်စီးတီးဟာ လီဗာပူးနဲ့ ချယ်ဆီးတို့ကြား ရမှတ်ကွာဟမှု ကြီးမားမှုကို ဆက်ထိန်းဆဲဖြစ်ကာ ပရီးမီးယားလိဂ်မှာ အခြေအနေ ကောင်းနေပါတယ်။ လီဗာပူးကလည်း နိုင်ပွဲတွေ ဆက်နေပေမယ့်လို့ အခုချိန်ထိ စီးတီးနဲ့ ၉ မှတ် ကွာဟနေဆဲပါ။

ဒီကြားရက်မှာတော့ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ချန်ပီယံလိဂ်ပွဲတွေ ကစားရမှာမို့ အမှတ်ပေးပွဲတွေ မရှိပါဘူး။ စီးတီးဟာ ပေါ်တူဂီမှာ စပို့တင်းနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရဖို့ ရေပန်းစားကလပ်ဖြစ်နေပါတယ်။ ဒီညပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Sporting Lisbon v Manchester City

ချန်ပီယံလိဂ် အဝေးကွင်း ပွဲတွေက ဘယ်တော့မှ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒီပွဲကတော့ မန်စီးတီး အတွက် ရိုးရှင်းပါတယ်။ စပို့တင်းက အသင်းကောင်း တစ်သင်း ဖြစ်တယ်။ ဒီ အတွဲကလည်း သူတို့ ရနိုင်သမျှထဲ မဆိုးဘူး လို့ ပြောရမယ်။

စပို့တင်းက ကျစ်ကျစ်လစ်လစ်ပဲ အစပြု ပြီး သေချာ ကစားနိုင်မယ် လို့ ကျနော် ယုံပါတယ်။ ဒါပေမယ့် မန်စီးတီးက သူတို့အတွက် သိပ်တောင့်တင်းလွန်းတဲ့ ပြိုင်ဘက် ဖြစ်နေတယ်။ စီးတီးပဲ ၂-၀ နဲ့ အနိုင်ပါ။

အိုဝင် ခန့်မှန်းရလဒ်။ ။ စပိုးတင်း 0-2 မန်စီးတီး