ဒီအပတ် မန်စီးတီးနဲ့ စပါး ထိပ်တိုက်တွေ့တဲ့ ပွဲ ဘယ်အသင်းနိုင်မလဲ လော်ရိုးရဲ့ ခန့်မှန်းချက်

ဒီအပတ်မှာတော့ စီးတီးဟာ ပရီးမီးယားလိဂ် ပွဲကောင်းတစ်ပွဲအဖြစ် ကွန်တီရဲ့ စပါးအသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ဒီအပတ် ပွဲအတွက် ဘီဘီစီမှ ဝါရင့် သုံးသပ် ခန့်မှန်းသူ လော်ရိုးရဲ့ ခန့်မှန်းမှုကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဒီပွဲကိုတော့ တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ပထမအကျော့ ရှုံးပွဲကို ပြန်ဆပ်ဖို့အတွက်ကော လီဗာပူးကို ရမှတ်ဖြတ်ထားဖို့ပါ ဒီပွဲကို စီးတီးက အနိုင်ကစားဖို့ အားထုတ်ရပါမယ်။

Manchester City v Tottenham

ရာသီအဖွင့်တုန်းက စပါးဟာ မန်စီးတီးကို အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လို့ စပါးပရိသတ်တွေ မျှော်လင့်နေတဲ့ အဲ့လို ရလဒ်မျိုး ပြန်မရတော့ဘဲ ဒီဘောလုံးရာသီအတွင်း စပါး ဒီလိုဖြစ်သွားတာအတွက် အကြောင်းပြချက်တွေ အများကြီး ရှိနေပါတယ်။

ဆန်တိုနေရာ အစားဝင်လာချိန် ကွန်တီက အစကောင်းခဲ့တယ်။ ဒါပေမယ့် လက်တလော သူတို့အသင်း ခြေစွမ်းနဲ့ ရလဒ်ပိုင်းက သိပ်ကို ဆိုးရွားနေပါတယ်။ သူတို့က ခံစစ်မှာ တောင့်တင်းမှု မရှိသလို အခြား အားနည်းချက်တွေလည်း ရှိပါတယ်။ သူတို့အသင်း ဘယ်လို ခံစားနေရတယ်ဆိုတာ မသေချာပေမယ့်လို့ အရမ်းကြီး ပျော်ရွှင်နေကြဟန် မရှိပါဘူး။

စီးတီးကတော့ နိုင်ပွဲတွေ ဆက်ယူနေတယ်။ ကြားရက်က စပို့တင်း လစ္စဘွန်းကို အနိုင်ယူခဲ့ပြန်ပါတယ်။ အီသီဟက်မှာ ရလဒ် တစ်ခုခုရတာက စပါးအတွက် ထူးရှယ်ပဲ ဖြစ်မှာပါ။ ဒါပေမယ့် အဲ့လို ဖြစ်လာမယ်လို့ မထင်မိပါဘူး။

လော်ရိုး ခန့်မှန်းရလဒ် ။ ။ မန်စီးတီး 2-0 စပါး