မန်စီးတီး Vs စပါးပွဲမှာ စပါးက ဖွင့်ကစားရင် ၆ ဂိုးပြတ်မယ်လို့ ပေါလ်မာဆန် ဟောကိန်းထုတ်

ဒီအပတ်မှာတော့ စီးတီးဟာ ပရီးမီးယားလိဂ် ပွဲကောင်းတစ်ပွဲအဖြစ် ကွန်တီရဲ့ စပါးအသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ဒီအပတ် ပွဲအတွက် ပရီးမီးယားလိဂ် ဝါရင့် သုံးသပ်သူ ပေါလ်မာဆန်က အခုလို ခန့်မှန်းသွားပါတယ်။

ဒီပွဲကိုတော့ တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ပထမအကျော့ ရှုံးပွဲကို ပြန်ဆပ်ဖို့အတွက်ကော လီဗာပူးကို ရမှတ်ဖြတ်ထားဖို့ပါ ဒီပွဲကို စီးတီးက အနိုင်ကစားဖို့ အားထုတ်ရပါမယ်။

Manchester City vs Tottenham Hotspur

ပရီးမီးယားလိဂ်မှာ စပါးက ဆိုးဆိုးရွားရွား ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ၃ ပွဲကျန်နဲ့အတူ အဆင့် ၇ နေရာမှာ ရှိနေတယ်။ ဒါပေမယ့် အဲ့ပွဲတွေ ကစားအပြီး သူတို့က အဆင့် ၈ ကို ကျဆင်းသွားပါတယ်။ ဒီပွဲမှာလည်း စပါးအသင်းက ဘာရလဒ်မှ ရမယ် မမြင်မိပါဘူး။

ဒီပွဲကို မန်စီးတီးက အနိုင်ယူသွားမှာပါ။ အိမ်ကွင်းမှာ ထိပ်တန်းပွဲတစ်ပွဲကို ကစားမယ်ဆိုရင် မန်စီးတီးတို့ ဂိုးအများကြီး ရသွားမှာ ဖြစ်ပါတယ်။

စပါးအတွက် စိတ်ပူစရာ အချိန်ပါပဲ။ သူတို့ ခံစစ်ပိတ်ကစားပြီး တစ်ပွဲလုံး ပိတ်ကစားမယ် ထင်ပါတယ်။ အဲ့လိုကစားရင် ၂-၀ လောက်ပဲ ရှုံးပါမယ်၊ ဖွင့်ကစားရင်တော့ ၆ ဂိုးလောက် ပြတ်ပါမယ်။ ဒီအခြေအနေမှာ စပါးအသင်းက ယုံကြည်မှု မရှိသလို ကံလည်း မကောင်းပါဘူး။ ဒီတော့ ကိန်းနဲ့ ဆွန်တို့ နေ့တာရှည်ကြီးကို ရင်ဆိုင်ရနိုင်ပါတယ်။

ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 4-0 စပါး