မန်စီးတီး Vs စပါး ပွဲကြီးပွဲကောင်းအတွက် မိုက်ကယ်အိုဝင်ရဲ့ ပွဲကြို ရလဒ်ခန့်မှန်း
ဒီအပတ်မှာတော့ စီးတီးဟာ ပရီးမီးယားလိဂ် ပွဲကောင်းတစ်ပွဲအဖြစ် ကွန်တီရဲ့ စပါးအသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
ပထမအကျော့ ရှုံးပွဲကို ပြန်ဆပ်ဖို့အတွက်ကော လီဗာပူးကို ရမှတ်ဖြတ်ထားဖို့ပါ ဒီပွဲကို စီးတီးက အနိုင်ကစားဖို့ အားထုတ်ရပါမယ်။ ဒီပွဲပြီးရင်တော့ မန်စီးတီးဟာ အသင်းကြီးတွေဖြင့် သိပ်ကစားရဖို့ မရှိတော့ဘဲ လီဗာပူး၊ ယူနိုက်တက်လောက်ပဲ ကျန်မှာမို့ ဆုဖလားအတွက် အခြေအနေ ကောင်းသွားပါမယ်။
ဒီပွဲကိုတော့ တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ပွဲကောင်းအတွက် ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်း မိုက်ကယ်အိုဝင်က အခုလို ခန့်မှန်းသွားပါတယ်။
Manchester City v Tottenham
စီးတီးအတွက် ဘယ်လောက်တောင် ကောင်းလှတဲ့ သီတင်းပတ် တစ်ခုလဲ။ ၉ ဂိုးသွင်းပြီး ခံစစ်က ဂိုးမပေးရဘူး။ လစ္စဘွန်းမှာ ၅-၀ နဲ့ အနိုင်ရတာတောင်မှပဲ ပက်က မပျော်ပါဘူး။ အဲ့တာကပဲ သူတို့ရဲ့ အဆင့်အတန်းကို ပြသနေပါတယ်။ စတာလင်က နောဝစ်ချ်ပွဲကော စပို့တင်းနဲ့ ပွဲမှာပါ ဂိုးတွေ သွင်းခဲ့တယ်။ သူက သိပ်ကောင်းတဲ့ ပုံစံမှာ ရှိနေပါတယ်။
လိဂ်မှာ ၃ ပွဲဆက် အရေးနိမ့်ခဲ့တာကြောင့် စပါးအသင်းက ဖိအားကြီးတွေ ဝင်နေပါတယ်။ ၂၀၂၂ မှာ စပါးက တကယ်ရုန်းမယ်လို့ ထင်ခဲ့ပေမယ့် အခုက စိတ်ပျက်စရာပါ။ ကွန်တီကလည်း မပျော်ပါဘူး။ သူတို့အသင်းရဲ့ အခြေအနေက မကောင်းဘူး။ ဒီအပတ်မှာလည်း ပိုကောင်းလာမယ်လို့ မထင်ဘဲ စီးတီးကပဲ ဂိုးပြတ် အနိုင်ယူသွားမှာပါ။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 4-1 စပါး