မန်စီးတီးကို လိုက်မီဖို့ကိစ္စ မစဉ်းစားအားသေးဘူး ဆိုတဲ့ လီဗာပူးနည်းပြ ကလော့ပ်

လီဗာပူး အသင်းမှာ ဖြေရှင်းစရာ ပြဿနာတွေ များစွာရှိလို့ မန်စီးတီးကို လိုက်မီဖို့ စဉ်းစားရင်း အချိန်မဖြုန်းကြောင်း နည်းပြ ဂျာဂင်ကလော့ပ်က အခိုင်အမာပြောကြားလိုက်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ လက်ရှိတွင် ခြေစွမ်းကောင်းတွေရထားပေမဲ့ အဆင့်၁နေရာက မန်စီးတီးနဲ့ ၉မှတ်ကွာဟမှုကို လျော့ချရန် ကြိုးစားရဦးမှာပါ။ လာမယ့် ဗုဒ္စဟူးနေ့မှာ လိဒ်စ်နဲ့ကစားမယ့်ပွဲသာ အနိုင်ရမယ်ဆိုရင် လီဗာပူးဟာ ၆မှတ် အကွာသို့ လျော့ချနိုင်မှာ ဖြစ်ကာ အမှတ်ပေးတိုက်ပွဲဟာလည်း ပြင်းထန်လာဖွယ် ရှိပါတယ်။

“ ကျွန်တော် တို့မှာ ပြင်ဆင်စရာတွေ အမှန်တကယ် အများကြီး ရှိပါတယ်။ ဒီပြဿနာတွေနဲ့အတူ သင်ပြောနေတဲ့ မန်စီးတီး အကြောင်းအရာ က ကျွန်တော့် အတွက် အသေးအမွှားသာ ဖြစ်ပါတယ်။ ရက်သတ္တပတ်အတွင်း အမှန်တကယ် ကို ဒါကို စဉ်းစားဖို့ မိနစ်ပိုင်းတောင် အချိန် မရပါဘူး။

ဒီအတွက် ဘာမှ လုပ်လို့မရပါဘူး ကျွန်တော်တို့ အသင်းရဲ့ နိုင်ပွဲတွေကိုသာ ရအောင် လုပ်ရမှာဖြစ်တယ် ပြီးတော့ သူတို့ (မန်စီးတီး) နဲ့ နီးကပ်နိုင်မလား ဆိုတာဘဲ စောင့်ကြည့်ရမှာ ဖြစ်တယ်။ ဒါတွေအပြင် ကျွန်တော်တို့ ချန်ပီယံလိဂ် နေရာ အတွက် တိုက်ပွဲဝင်နေရတယ် ဒီအတွက် ပွဲတွေ အနိုင်ရဖို့ လိုအပ်တယ်။

ဖလားပြိုင်ပွဲတွေမှာ ဒါမှမဟုတ် ဖလားကို ရချင်တယ်ဆိုရင် သင်အနေနဲ့ ပွဲတွေကို အနိုင်ရဖို့လိုအပ်ပါတယ်။ ဒါက တူညီတဲ့ အဖြေပါပဲ ဘောလုံးပွဲတွေ အနိုင်ရခြင်းအားဖြင့် ပြဿနာအားလုံးကို ဖြေရှင်းပါတယ် ဒါက ကျွန်တော်တို့ ပြောချင်တဲ့ အကြောင်းအရာတစ်ခုပါပဲ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ZG




