ပရီးမီးယားလိဂ်ဖလား တိုက်ပွဲအတွက် သတိပေးစကား ပြောဆိုသွားတဲ့ စီးတီးနည်းပြ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာက စပါးကို ၂-၃ ဆိုတဲ့ ရလဒ်နဲ့ မထင်မှတ်ပဲ အရေးနိမ့်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲက မပြီးသေးပါဘူးလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးဟာ ယခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ မကစားမီမှာ အဆင့်၂နေရာက ပြိုင်ဘက် လီဗာပူးကို ရမှတ် ၉မှတ် အထိ ဖြတ်တောက်နိုင်ခဲ့ပေမယ့် လီဗာပူးက နောဝှစ်ချ်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ နိုင်ခဲ့ကာ မန်ချက်စတာ စီးတီးကတော့ စပါးကို အိမ်ကွင်းမှာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်သင်းကြားမှာ ရမှတ် ကွာဟချက်က ၆မှတ်သာ ကျန်ရှိပါတော့တယ်။

မန်ချက်စတာ စီးတီးဟာ အိမ်ကွင်း အီတီဟတ်မှာ စပါးကို ဧည့်ခံ ကစားခဲ့ရပေမယ့် စပါးရဲ့ ရုန်းအားနဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေကို ကွင်းလယ်လူတွေ ဖြစ်တဲ့ ဂန်ဒိုဂန်နဲ့ မာရက်ဇ်တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး စပါးအတွက် သွင်းဂိုးတွေကိုတော့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက နှစ်ဂိုးနဲ့ ကစားသမားသစ် ကူလူဆက်စကီးက တဂိုး အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ မန်ချက်စတာ စီးတီး နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာက ပရီးမီးယားလိဂ် ချန်ပီယံလုပွဲက မပြီးဆုံးသေးကြောင်း ဝန်ခံသွားခဲ့သလို စပါးရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဆွန်ဟောင်မင် ၊ ဟယ်ရီကိန်းနဲ့ ကူလူဆက်စကီးတို့ကိုလည်း ချီးကျူးသွားခဲ့ပါသေးတယ်။

ဂွာဒီယိုလာက “ချန်ပီယံလုပွဲ မပြီးသေးဘူး ဆိုတာကို အရင်ထဲက ကျွန်တော် သိထားပြီးသားပါ။ ကျွန်တော်က အဲ့ဒါကို ပြီးခဲ့တဲ့လထဲက သိထားတာပါ။ ကျွန်တော်တို့ ကစားရမယ့် ပွဲတွေ အများကြီး ကျန်ပါသေးတယ်။ ဒါကြောင့် ဘယ်အသင်းပဲဖြစ်ဖြစ် ရမှတ်တွေ လျော့နိုင်ပါတယ်” လို့ ဝန်ခံစကား ပြောကြားသွားခဲ့တာပါ။

နည်းပြ အန်တိုနီယိုကွန်တီဟာ မန်စီးတီးအသင်းရဲ့ အိမ်ကွင်း Eithad မှာ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကို အနိုင်ယူနိုင်ခဲ့တဲ့ ပထမဆုံးသော စပါးအသင်းနည်းပြ ဖြစ်လာခဲ့ပါတယ်။

မနေညက မန်စီးတီးနဲ့ စပါးတို့ ပွဲစဉ်မှာ စပါးအသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းဟာ နည်းပြပတ်ဂွာဒီယိုလာ ကိုယ်တိုင်နေတဲ့ ကလပ်အသင်းကို အခုတစ်ကြိမ်မှသာ သွင်းဂိုးတွေ စတင်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။