ဒီရာသီ အမှတ်ပေးဖလားအတွက် ပိုပြီး ရေပန်းစားနေတဲ့ အသင်းကို ကာရေဂါ ရွေးချယ်
လီဗာပူးအသင်း နိုင်ပွဲရတဲ့ နေ့မှာတင် မန်စီးတီးအသင်းက အမှတ်ပေးပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် နှစ်သင်းကြား ရမှတ် ကွာခြားမှုက ပိုပြီး ကျဉ်းမြောင်းလာခဲ့ပါပြီ။
လီဗာပူးဟာ နောဝစ်ချ်ကို အိမ်ကွင်းမှာ နောက်က လိုက်ကစားခဲ့ရပေမယ့် ၃-၁ ဖြင့် အနိုင်ရခဲ့တယ်။ မန်စီးတီးကတော့ အိမ်ကွင်းမှာ စပါးကို အကြိမ်ကြိမ် နောက်က လိုက်ကစားခဲ့ရပြီး ပွဲအပြီး ၂-၃ ဖြင့် အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
ပွဲတွေအပြီး ကာရေဂါက ” ထိပ်ဆုံး ၄ သင်း ပြိင်ပွဲအတွက်တင် မဟုတ်ဘဲ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုအတွက်ပါ အရေးပါတဲ့ နေ့တစ်ရက်ကဖစ်ခဲ့ပါတယ်။ အီသီဟဒ်ကို လီဗာပူးအသင်း သွားရောက်ရဦးမှာနဲ့အတူ အလားအလာကောင်းတွေက ရှိနေဆဲဖြစ်ပါတယ်။
ကျနော်ကတော့ မန်စီးတီးကပဲ ပိုမို ရေပန်းစားဆဲ အသင်းလို့ ပြောလိုပါတယ်။ လီဗာပူးရဲ့ ပွဲစဉ် ဇယားတွေက အနည်းငယ် ပိုခက်ခဲပါတယ်။ လီဗာပူးအတွက် လာမယ့် ရက်အနည်းငယ်အတွင်းမှာ ယှဉ်ပြိုင်ရမယ့် လိဒ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲက ချယ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်း ဖလားပွဲထက်ကို ပိုပြီး အရေးပါနေတယ်လို့ ခံစားရတယ်။

လီဗာပူးပရိသတ်တွေအတွက်တင် ကောင်းမွန်တဲ့ ကိစ္စ မဟုတ်ဘဲ အင်္ဂလန်က ဘောလုံးပရိသတ်တိုင်းအတွက် ကိစ္စကောင်းဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေးပတ် ခြောက်ပတ်လောက်တုန်းက မဖြစ်နိုင်ခဲ့ဘူးလို့ တွေးခဲ့တဲ့ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုက ပြန်ပြီး အသက်ဝင်လာပါပြီ ” လို့ စပါးကို မန်စီးတီးအသင်း အရေးနိမ့်အပြီးမှာ ပြောဆိုသွားတာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ လက်ကျန် ပရီးမီးယားလိဂ်ပွဲတွေမှာ အာဆင်နယ်၊ ယူနိုက်တက်၊ စပါးတို့ဖြင့် ယှဉ်ပြိုင်ရမှာပါ။ မန်စီးတီးကတော့ ကြီး ၆ ကြီးထဲက ထိပ်တိုက်တွေ့မှုအဖြစ် ယူနိုက်တက် တစ်သင်းနဲ့ပဲ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့မယ့် ပွဲကောင်းတစ်ပွဲလည်း ကျန်ရှိနေပါတယ်။
လီဗာပူးက ပွဲကျန် တစ်ပွဲဖြစ်တဲ့ လိဒ်ယူနိုက်တက်ကို အနိုင်ရမယ်ဆိုရင် စပါးကို မန်စီးတီးတို့ အရေးနိမ့်မှုအား အခွင့်အရေးယူပြီး ထိပ်ဆုံးနေရာန့ ၃ မှတ် အကွာကို ရောက်လာတော့မှာ ဖြစ်ပါတယ်။
