မန်စီးတီးရဲ့ ရှုံးပွဲကို ကြားသိလိုက်ရချိန် သူ့ခံစားရတဲ့ ခံစားချက်ကို ယာဂင်ကလော့ပ် ဖွင့်ပြော

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က တော်တင်ဟမ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲပြီး ရလဒ်ကို ကြားသိရချိန်မှာ မန်စီးတီး အနိုင်ရသွားတာလို့ ထင်ခဲ့ကြောင်း ဝန်ခံစကား ဆိုခဲ့ပါတယ်။

စနေနေ့မှာ နောဝစ်ချ်ကို အနိုင်ရခဲ့တဲ့ လီဗာပူးဟာ မန်စီးတီးနဲ့ စပါးပွဲ မတိုင်ခင်မှာ ပွဲတူ ၆ မှတ်ကွာ အခြေအနေကို ရောက်ရှိခဲ့တာပါ။ အဲ့ဆိုပါပွဲအပြီး အသင်းသားတွေနဲ့ ကလော့ပ်တို့ အိမ်ပြန်နေစဉ် မန်စီးတီးက စပါးကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့တာဖြစ်တယ်။

ကားပေါ်မှာ ရလဒ်ကို ကြည့်နေစဉ် စပါးက ၂-၁ အနိုင်ရတာကို မြင်ထားပေမယ့် ဘယ်လိုနေနေ စီးတီးက အနည်းဆုံး သရေတော့ ပြန်ယူနိုင်မယ်လို့ ယာဂင်ကလော့ပ်က ယုံကြည်ခဲ့တယ်။ အိမ်ပြန်ရောက်ချိန်မှာပဲ လုပ်စရာတွေ လက်စသနေခြင်းအတွက် ပွဲကို မကြည့်နိုင်သေးချိန် ဒရိုင်ဘာက ရလဒ်တွေကို လာပြေးပြောခဲ့တာဖြစ်တယ်။

ဒီအကြောင်းတွေကို လိဒ်ယူနိုက်တက်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ သတင်းထောက်တွေရဲ့ မန်စီးတီး ရလဒ်ကို ကြားရတော့ ဘယ်လို ခံစားရလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုချိန်မှာ ကလော့ပ်က ပြောပြခဲ့တာဖြစ်တယ်။

အဲ့တုန်းက ခံစားချက်ကို ယာဂင်ကလော့ပ်က ‘ ကျနော်က အိမ်ပြန်နေတာပါ။ အဲ့တုန်းကတော့ တော်တင်ဟမ်က ၂-၁ ဖြင့် နိုင်နေတာ ဖြစ်ပါတယ်။ အိမ်ပြန်ရောက်တော့ ရလဒ်ကို မကြည့်မိသေးဘူး။ မန်စီးတီးက ဘယ်လိုနေနေ သရေတော့ ယူနိုင်မယ်လို့ ကျနော် အသေအချာ ထင်ထားခဲ့တယ်။

အိမ်အရောက်မှာ ဒရိုင်ဘာက အတော်လေး စိတ်လှုပ်ရှားနေဟန်နဲ့ ၂-၂ ဖြစ်သွားပြီ ၃-၂ ဖြစ်သွားပြီလို့ လာပြောခဲ့တယ်။ သူက ၃-၂ ဖြစ်သွားပြီလို့ ပြောချိန်မှာ စီးတီး နိုင်သွားပြီပေါ့လို့ တွေးမိခဲ့ပါတယ်။ ကျနော်ကလည်း အေးပါပေါ့၊ အိုကေပါပေါ့။ ဒါပေမယ့် သူက မဟုတ်ဘူး တော်တင်ဟမ်က ၃-၂ နဲ့ နိုင်သွားတာတဲ့။

ကျနော် “အို့..” လို့ တစ်ခွန်းတည်း တုန့်ပြန်နိုင်ခဲ့တယ်။ ကျနော်တို့အတွက်တော့ မန်စီးတီး အရေးနိမ့်တာက အပြောင်းအလဲ မရှိပါဘူး။ ကိုယ်ကစားရမယ့် ပွဲတွေ အားလုံးကို အနိုင်ရဖို့ လိုပါတယ် ‘ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ စပါးကို အရေးနိမ့်ခဲ့ပေမယ့် လက်ကျန်ပွဲ ၁၂ ပွဲ ကစားရဖို့ ကျန်ရှိနေကာ ယူနိုက်တက်၊ လီဗာပူးတို့လောက်ပဲ အသင်းကြီးအဖြစ် ကျန်ရှိတော့တာပါ။ လီဗာပူးအသင်းကတော့ လက်ကျန်ပွဲ ၁၃ ပွဲ ကစားရမှာဖြစ်ကာ စပါး၊ အာဆင်နယ်၊ ယူနိုက်တက်၊ မန်စီးတီးတို့ဖြင့် ယှဉ်ပြိုင်ရဖို့ ရှိနေသေးတာပါ။

ဒီလို ပွဲကြီးတွေ ရှိနေသေးတာကြောင့်လည်း ကလော့ပ်က အမှတ်ပေးဖလားအတွက် ကစားရမယ့် ပွဲတွေအားလုံးကို အနိုင်ရဖို့ လိုပါတယ်လို့ ဖြေဆိုခဲ့တာ ဖြစ်နိုင်ပါတယ်။