အဲဗာတန် v မန်စီးတီး ပွဲအတွက် လော်ရိုးရဲ့ ရလဒ် သုံးသပ်မှုနဲ့ ခန့်မှန်းချက်

မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ စပါးပွဲကို အရေးနိမ့်မှုကနေ ပြန်နိုးထလာဖို့ လိုအပ်နေပါတယ်။

ဒီအပတ်မှာတော့ တန်းဆင်းဇုန် အန္တရာယ်ရှိနေတဲ့ အဲဗာတန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ လီဗာပူးနဲ့ လက်ကျန်ပွဲတွေကို ကြည့်မယ်ဆိုရင် မန်စီးတီးက ပွဲပိုချောင်နေပါတယ်။ ဒါပေမယ့် ရမှတ်တွေ ရယူဖို့ လိုအပ်မှာဖြစ်ပြီး အဲဗာတန်ကနေ စတင်ရမှာပါ။

ဒီတပတ် မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်း ရလဒ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အဲဗာတန် v မန်စီးတီး

အဲဗာတန်ရဲ့ တန်းဆင်းရမှာ စိတ်ပူစရာက တကယ် ဖြစ်လာနေပါပြီ။ ဒါပေမယ့် ဘန်လေနဲ့ နယူးကာဆယ် တို့ နှစ်သင်းလုံးသာ စနေနေ့ကပွဲတွေမှာ နိုင်ပွဲ ရခဲ့မယ် ဆိုရင် ဒီရာသီ ပထမဆုံး အကြိမ် အဖြစ် အဲဗာတန်က ဇယားအောက်ဆုံး ၃သင်းထဲ ရောက်သွားမှာ ဖြစ်ပါတယ်။

အဲဗာတန်ရဲ့ ပြသနာတွေကတော့ ခံစစ်မှာ အခြေတည်နေပါတယ်။ သူတို့ က ယိုပေါက် များလွန်းနေပြီး မန်စီးတီးလို အသင်းကောင်းကတော့ ဒါကို သေချာပေါက် အားသာချက် ယူသွားမှာပါ။ အဲဗာတန် နည်းပြ ဖရန့်လမ်းပတ် က သူ့ ခံစစ်ကို ပိတ်နိုင်အောင် ကြိုးစားနေပေမယ့် သူတို့ မန်စီးတီးကိုတော့ တားဆီးနိုင်မယ် ကျနော် မထင်ပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ အဲဗာတန် 0-3 မန်စီးတီး