အဲဗာတန် v မန်စီးတီး ပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ ရလဒ် သုံးသပ်မှုနဲ့ ပွဲခန့်မှန်းချက်

မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ စပါးပွဲကို အရေးနိမ့်မှုကနေ ပြန်နိုးထလာဖို့ လိုအပ်နေပါတယ်။

ဒီအပတ်မှာတော့ တန်းဆင်းဇုန် အန္တရာယ်ရှိနေတဲ့ အဲဗာတန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ လီဗာပူးနဲ့ လက်ကျန်ပွဲတွေကို ကြည့်မယ်ဆိုရင် မန်စီးတီးက ပွဲပိုချောင်နေပါတယ်။ ဒါပေမယ့် ရမှတ်တွေ ရယူဖို့ လိုအပ်မှာဖြစ်ပြီး အဲဗာတန်ကနေ စတင်ရမှာပါ။

ဒီတပတ် မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ပရီးမီးယားလိဂ် ဝါရင့် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်း ရလဒ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အဲဗာတန် v မန်စီးတီး

အဲဗာတန်ရဲ့ ပြီးခဲ့တဲ့ အပတ်က ဆောက်သမ်တန်နဲ့ ပွဲက ခြေစွမ်းက သတိထားစရာပါ။ သူတို့က ပြိုင်ဘက်ကို လုံးဝ ခြိမ်းခြောက်နိုင်ခဲ့တာ မဟုတ်ဘူး၊ သူတို့ အဝေးကွင်း ခြေစွမ်းက ရှော့ခ် ရစရာပါပဲ။ လိဂ်မှာ အဆိုးဆုံး အဝေးကွင်း ရလဒ်တွေလည်း အဲဗာတန်က ရနေတာပါ၊ ဒါကို အမြန် ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ ဖရန့်လမ်းပတ် အတွက်တော့ တကယ့် သီတင်းပတ်ကြီးတွေ တချို့ လာနေပါပြီ။

စပါးကို အံ့အားသင့်ဖွယ် ရှုံးလိုက်တာက စီးတီးအတွက်တော့ wake-up call တစ်ခုပါပဲ။ အဲဒီပွဲမှာ သူတို့ ကစားတာ အဆိုးကြီး မဟုတ်ပါဘူး။ ဒါပေမယ့် ခံစစ်ပိုင်းမှာ မဖြစ်သင့်တဲ့ အမှားတချို့ လုပ်ခဲ့တယ်။ လီဗာပူးက သူတို့ကို ပခုံးချင်း ယှဉ်လိုက်လာနေပြီ ဖြစ်လို့ နောက်ထပ် ခြေချော်တဲ့ တစ်ပွဲ ကြုံလို့ မရတော့ပါဘူး။

ဒီပွဲမှာ စီးတီးပဲ နိုင်ဖို့ မြင်ပါတယ်။ အဲဗာတန် က ရုန်းကန်နေရတဲ့ အသင်း ဖြစ်တယ်။ စီးတီးက ဂွတ်ဒီဆင်ပါ့ခ်မှာ ဂိုးတွေ သွင်းပါလိမ့်မယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ အဲဗာတန် 1-3 မန်စီးတီး