လာမယ့်နွေမှာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ ရေပန်းစားလာနေတဲ့ မန်စီးတီး အသင်း

မန်စီးတီးဟာ လာမယ့်နွေမှာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်လာနေပါတယ်။ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ အပါအဝင် ဥရောပ ထိပ်သီးအသင်းများစွာက ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ ဟာလန်းရဲ့စိတ်ကြောင့် မန်စီးတီးတို့ သူ့ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှိလာနိုင်ပါတယ်။ စီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ မနှစ်က နွေရာသီမှာ စပါးရဲ့ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ ကျရှုံးခဲ့တဲ့နောက် တိုက်စစ်မှူးတစ်ယောက် ခေါ်ယူဖို့ စိတ်အားထက်သန်နေဆဲ ဖြစ်ပါတယ်။

ဟာလန်းကို ရီးရဲလ်မက်ဒရစ်ကလည်း ကြိုးပမ်းနေပေမယ့် လာလီဂါ ထိပ်သီးကလပ်ဟာ အမ်ဘာပေ ကို ခေါ်ဖို့ အရင် ဦးစားပေး လှုပ်ရှားနေရတာကြောင့် နွေမှာ ဒိတ်ဒိတ်ကြဲ နှစ်ယောက် တပြိုင်နက် ခေါ်ဖို့ကလည်း စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။

ဟာလန်းဟာ နောက်ရာသီကျရင် သူဘယ်မှာ ကစားချင်လဲဆိုတာနဲ့ ပတ်သက်ပြီး နောက်ရာသီမှာ ဆုံးဖြတ်ချက် ချသွားမှာပါ။ ဒေါ့မွန်မှာ ဟာလန်းရဲ့ စာချုပ်က ၂၀၂၄ မတိုင်ခင် ကုန်ဆုံးမှာဖြစ်ပေမယ့် ဒီနွေရာသီမှာ ယူရို ၇၅ သန်းနဲ့ ထွက်ခွာခွင့်ပြုရမယ့် စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေတာဖြစ်ပါတယ်။

၂၀၂၀ မှာ ဒေါ့မွန်ကို ရောက်လာပြီးကတည်းက ဟာလန်းဟာ ကလပ်အတွက် ၇၉ ပွဲမှာ ဂိုး ၈၀ သွင်းယူပေးခဲ့တာပါ။
မန်စီးတီးမှာ လက်ရှိ ဂေဘရီရယ် ဂျေးဆု ရှိနေသေးပေမယ့် ဒီရာသီမှာ false nine တစ်ယောက်နဲ့အတူ မကြာခဏ ကစားခဲ့ရတာ ဖြစ်ပါတယ်။

ဒါတောင် သူတို့ဟာ လိဂ်မှာ ၆၄ ဂိုး သွင်းယူထားနိုင်တုန်းဖြစ်ပြီး လီဗာပူးတစ်သင်းသာ သူတို့ထက် ဂိုးပိုများများ သွင်းယူထားခဲ့တာပါ။

ဒါပေမယ့် ဟာလန်းလို အရည်အသွေးနဲ့ ကစားသမားတစ်ယောက်ကို ထပ်ခေါ်ယူလိုက်ရင် စီးတီးကို ပိုပြီးတော့တောင် တိုးတက်စေမှာဖြစ်ပြီး အထူးသဖြင့် ချန်ပီယံလိဂ်မှာ အသုံးဝင်နိုင်ပါတယ်။

ZG






