မန်ချက်စတာဒါဘီမှာ မန်စီးတီးကို အနိုင်ယူပြီး ၃ မှတ် ယူပြမယ်လို့ ဖာနန်ဒက်စ် ကြုံးဝါး
မန်ယူနိုက်တက်ရုပ်သံနဲ့ အင်တာဗျူး အစီအစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘရူနို ဖာနန်ဒက်စ် က ပြီးခဲ့တာတွေ ကို မေ့ထားပြီး မန်ချက်စတာ ဒါဘီ ကို အနိုင်ရဖို့ အစွမ်းကုန် ပေးဆပ် ကစား သွားကြဖို့ တိုက်တွန်း ပြောဆို သွားခဲ့ပါတယ်။
လာမယ့် တနင်္ဂနွေနေ့ မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ စီးတီး အသင်းနဲ့ ယှဉ်ပြိုင် ကစား ရတော့မှာပါ။ မန်စီးတီးဟာ အဆင့် ၁ နေရာမှာ ရပ်တည် နေပြီး ပထမ အကြိမ် တွေ့ဆုံတုန်းကလည်း ယူနိုက်တက် ကို အပြတ်အသတ် အသာစီး နဲ့ ကစားကာ အနိုင်ယူ ထားခဲ့ ပါတယ်။
ဘရူနို ဖာနန်ဒက်စ် တိုက်တွန်းရာမှာ “ ဝက်ဖိုဒ့်နဲ့ ပွဲမှာ ဂိုးသွင်း နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ အရင်က ပြောဖူးသလိုပါပဲ ဘောလုံးက ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့ နေ့တွေ ရှိတတ်ပါတယ်။ ဒီပွဲက အဲ့ဒိလို နေ့မျိုး ပါပဲ ။ တမှတ်ပဲ ရခဲ့တာက တကယ်ကို ကံမကောင်းခဲ့ တာပါ။
တကယ်လို့သာ မလျော့သင့်တဲ့ အမှတ်တွေ မလျော့ခဲ့ဘူး ဆိုရင် အဆင့် ၃ လောက်ကိုတောင် ကျွန်တော်တို့ ရောက်နေလောက်ပါပြီ။ ဒီပွဲ ကလည်း ချဲလ်ဆီး နဲ့ ပိုနီးကပ်စေမယ့် အခွင့်ကောင်း တခုပါ။ ကျွန်တော်တို့ မလုပ် နိုင်ခဲ့ ပါဘူး။ ဒါပေမယ့် အခု ပြီးခဲ့တဲ့ အကြောင်းတွေကို ပြန်တွေ့ နေရမယ့် အချိန် မဟုတ်ပါဘူး။
ရှေ့ဆက် ကစားမယ့် ပွဲတွေမှာ အမှတ်ဘယ်လောက် ကျန်နေသေးလဲ အဆုံးသတ်မှာ ဘယ်နှမှတ်လောက် ရနိုင်သလဲ ဆိုတာကို ကြည့်ရမယ့် အချိန်ပါ။ ရှေ့လာမယ့် ပွဲတွေ ကို အဓိက အာရုံစိုက်မယ် ၊ အနိုင်ရအောင် ကြိုးစားမယ် ၊ ၃ မှတ် ရအောင် ယူပါမယ်။
မန်ချက်စတာဒါဘီဟာ မန်ချက်စတာမြို့ အတွက် ၊ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ၊ ပရိသတ်တွေ အတွက် ဘယ်လိုမျိုးလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိထား ပါတယ်။ ဘာတွေပဲ ပေးဆပ်ရ ပေးဆပ်ရ ဒီပွဲကို ကျွန်တော်တို့ အနိုင် ကစားရမှာပါ” လို့ ဖာနန်ဒက်စ်က ပြောဆို သွားခဲ့ပါတယ်။