ဂွာဒီယိုလာ ဖော်ထုတ်လိုက်တဲ့ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ယှဉ်ကစားရဲတဲ့ အသင်းများ

ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ခံစစ်မကစားဘဲ တုန့်ပြန် တိုက်ခိုက်ဖို့ ကြိုးစားနိုင်တဲ့ ကလပ်အသင်းတွေက လက်ချိုးရေလို့ ရပါကြောင်း မန်နေဂျာ ပက်ဂွာဒီယိုလာက ပြောပြခဲ့ပါတယ်။

ဂွာဒီယိုလာဟာ ၂၀၁၅ တုန်းက အီသီဟဒ်ကွင်းမှာ မန်နေဂျာတာဝန်ကို စတင်ယူခဲ့တာဖြစ်ပြီး အဲ့နောက်ပိုင်း ပရီးမီးယားလိဂ် ၃ ကြိမ်အပါအဝင် ပြည်တွင်းဖလား ၁၀ လုံး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ စီးတီးဟာ စပိန်သားလက်အောက်မှာ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးနိုင်တဲ့ ကလပ်ဖြစ်လာခဲ့ပြီး ၎င်းတို့ အသင်းနဲ့ ခြေရည်တူ ယှဉ်ချင်တဲ့အသင်း အနည်းငယ်သာ ရှိတယ်လို့ ပက်ဂွာဒီယိုလာက ဆိုတာပါ။

ဂွာဒီယိုလာဟာ သူတို့အသင်းကို ပိတ်ဆော့ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေးကို ရှာဖွေနေတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ကစားရတာ များသလို သူတို့ကို တိုက်စစ်ကစားဖို့ဆိုတဲ့ နည်းဗျူဟာတွေကို ရွေးချယ်လေ့ရှိတဲ့ ပရီးမီးယားလိဂ် ကလပ် ၅ သင်း အကြောင်းကို ပြောပြခဲ့ပါတယ်။

ဂွာဒီယိုလာက ” (တိုက်စစ် ထိုးဖောက်ဖို့ဆိုရင်) ပြိုင်ဘက်တွေကို ကျနေ်ာတို့မှာ ဆွ ကစားရတယ်။ လီဗာပူးကလွဲရင် အသင်း တော်တော် များများကလည်း ကျနော်တို့ဆို ပိတ် ကစားကြတာ။ တိုက်စစ် ယှဉ်ကစားကြတဲ့ တခြား အသင်းတွေ ဆိုရင် ဘရိုက်တန် ရှိမယ်၊ တခါတလေ အာဆင်နယ် ပါတယ်၊ နေဦး ထပ်စဉ်းစားဦးမယ်၊ ကျန်နေတဲ့ အသင်းတွေ ရှိဦးမယ်။

အက်စတွန်ဗီလာရောပဲ.. သူတို့လည်း နည်းနည်း ပါတယ်။ သူတို့ တိုက်စစ်ဆင်လာတဲ့ အခါတွေ ရှိပါတယ်၊ ဒါပေမယ့် ကျနေ်ာတို့ ကစားကွက် ဆင်လာပြီး ဆိုရင်တော့ သူတို့လည်း ပိတ်ဆို့တယ်။

နောက်ပြီး လိဒ်စ် အသင်းလည်း ပါမယ်။ ကျန်တဲ့ အသင်းတွေကတော့ အကုန် ပိတ် ကစားတာပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော် ပြောတာ မှားတာ တစ်ခုမှ မပါဘူးနော်။ မန်နေဂျာတိုင်း အသင်းတိုင်းကလည်း သူတို့ ကြိုက်သလို ကစားနည်း ရွေးခွင့် ရှိပါတယ်၊ ဒါကို ကျနော် သဘောပေါက်တယ်။

ပြိုင်ဘက်တွေကို ဘယ်လို ဖြိုမလဲ ဆိုတာပဲ ကျနေ်ာတို့နဲ့ သက်ဆိုင်တာ။ high pressing ကစားတဲ့ အသင်းတွေ ဆို ဘယ်လို ရင်ဆိုင်မယ်၊ ခံစစ်ပဲ ပိတ်တဲ့ အသင်းတွေ ဆို ဘယ်လိုလုပ်မယ်ဆိုပြီး ကိုယ့်ဘာသာ ပြင်ဆင်ရတာပဲ။

အခြေခံ အကျဆုံးအချက်ကတော့ စိတ်ရှည်ဖို့ပဲ။ နောက်ပြီး ဂိုးမပေးရဖို့။ သူတို့ကို လွတ်လွတ်ကျွတ်ကျွတ် ပြေးသွားခွင့်၊ ကောင်တာ တိုက်စစ်ဆင်ခွင့် မပေးနဲ့။ စိတ်ရှည်ရှည်နဲ့ ကစား၊ အချိန်ကိုက် လှုပ်ရှားရမယ့် အချိန်က ရောက်လာမယ်၊ ကျနေ်ာတို့ ဒီလိုပဲ လုပ်ရတာပါ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။