စီးတီးက ထွက်ခဲ့တာ နောင်တရတဲ့ ဘာလိုတယ်လီ၊ ဂရေးလစ်ချ်၊ ဒိုလေးပါမယ့် မန်ချက်စတာ ဒါဘီနဲ့ မန်စီးတီး သတင်းများ

အီတလီနာမည်ကျော်တိုက်စစ်မှူး ဘာလိုတယ်လီက သူ့အနေနဲ့ မန်စီးတီးကနေ ထွက်ခွာခဲ့တာကို နောင်တရနေပြီး မန်စီးတီးကနေ ထွက်ခွာခဲ့တာ သူ့ရဲ့ အကြီးမားဆုံးအမှားဖြစ်ကြောင်း၊ ဒီနှစ်ပိုင်းအတွင်းမန်စီးတီးဟာ အလွန် တိုးတက်ပြီးရင်း တိုးတက်လာနေကြောင်း ဆိုခဲ့ပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဂရီးလစ်ရှ်က အသင်းဖော်ကြယ်ပွင့်ဖိုဒန်ကို ချီးကျူးခဲ့ပြီး ဖိုဒန်ဟာ မယုံနိုင်စရာ ကောင်းတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားသူမျိုးဖြစ်ကြောင်း၊ သူနဲ့ ဖိုဒန်တို့ဟာ Twitter မှာ မက်ဆီရဲ့ ဗီဒီယို တူတူကြည့်ခဲ့ပြီး အဲဒီ နောက် ဖိုဒန်က မိမိကို ဖန်တီးပေးပုံက မက်ဆီပေးတဲ့အတိုင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုရဲ့ ဖောြ်ပချက်အရ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းရဲ့ အေးဂျင့် ရွိုင်းအိုလာ ဟာ မန်စီးတီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ မန်စီးတီး က လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှုး တစ်ဦး ခေါ်ယူသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်က ကစားသမားဘ၀ သူရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်ကို ရွေးချယ်ခဲ့ရာ အဲဗာတန် နောက်ခံလူ မီနာကို အံ့အားသင့်ဖွယ် ရွေးချယ်ခဲ့ပါတယ်။ မီနာက ဒီရာသီမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်နေရပြီး ပွဲထွက်ကနေတောင် ပါဝင်ခွင့် နည်းပါးနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်နစ်က အဓိက တိုက်စစ်မှူး စီရော်နယ်ဒိုကိုအပေါ် ယုံကြည်မှုကို ပြသတဲ့အနေနဲ့ မန်စီးတီးနဲ့ ယှဉ်ပြိုင်မဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

မန်ယူဂန္ထဝင်ဟောင်း ရွိုင်ကိန်းက မန်စီးတီးကွင်းလယ်လူ ဂရီးလစ်ရှ်အနေနဲ့ နည်းပြ ဂွါဒီယိုလာရဲ့ ယုံကြည်မှုကို ရယူနိုင်ဖို့ လိုအပ်ကြောင်း၊ ဂရီးလစ်ရှ်ဟာ ဒဏ်ရာပြဿနာ တချို့ ရင်ဆိုင်ခဲ့ရပြီး ဝေဖန်ချင် စရာဖြစ်ခဲ့ကြောင်း သုံးသပ် မှတ်ချက်ပြုခဲ့ပါတယ်။

မန်စီးတီး နည်းပြ ဂွါဒီယိုလာက သူတို့အသင်းကို ခံစစ်ပိတ် မကစားတဲ့ အသင်း ၅ သင်းကို ရွေးချယ်ခဲ့ပါတယ်။ လီဗာပူး၊ ဘရိုက်တန်၊ အာဆင်နယ်၊ ဗီလာနဲ့ လိဒ်စ်ယူနိုက်တက်တို့ဟာ သူတို့ကို ခံစစ်ပိတ် မကစားကြောင်း ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပီတာဘရော့ကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ယူကရိန်းကစားသမား ဇင်ချန်ကို အသင်းခေါင်းဆောင် လက်ပတ် ပေးအပ်ခဲ့တာနဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့ပါတယ်။ ဒါကဖာနန်ဒင်ဟိုက ဒီအခြေအနေက ဘယ်လောက် အရေးပါသလဲဆိုတာ ပြချင်လို့ ဇင်ချန်ကိုကို အသင်းခေါင်းဆောင် လက်ပတ် ပေးခဲ့တာဖြစ်ကြောင်း ဂွါဒီယိုလာက ထုတ်ဖော်ခဲ့ပါတယ်။