မန်ချက်စတာဒါဘီမှာ ဘယ်လိုရလဒ်ထွက်မလဲ ပွဲကြို ခန့်မှန်းသွားတဲ့ ဘီဘီစီမှ ခန့်မှန်းသူ လော်ရိုး

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ စိတ်လှုပ်ရှားဖွယ် ပွဲကောင်းဖြစ်တဲ့ မန်ချက်စတာ ဒါဘီ ပွဲက စောင့်ကြိုနေပါတယ်။

လက်ရှိမှာ မန်စီးတီးက ရလဒ်ကောင်းတွေ ဆက်တိုက်ရနေပေမယ့် ယူနိုက်တက်ကတော့ ခြေစွမ်း မတည်ငြိမ်ပါဘူး။ အမှတ်ပေးဇယားမှာ လီဗာပူးအသင်းက တောက်လျှောက် ဖိအားပေးနေလို့ ဒီပွဲမှာ ရလဒ်ကောင်းရရမယ် ဆိုတာကို ဂွာဒီယိုလာက နားလည်ထားမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါဘီပွဲဖြစ်တာကြောင့် ပွဲကောင်းဖြစ်လာဦးမယ့် ဒီပွဲစဉ်တွေ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

မန်စီးတီး v မန်ယူနိုက်တက်

ဒီပွဲက မန်စီးတီးရဲ့ ဒီရာသီအတွက် အရေးကြီးဆုံး ပွဲတစ်ပွဲ ဖြစ်သွားနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ် လောက်တုန်းက တော့တင်ဟမ်က အီတီဟတ်ကွင်းမှာ မန်စီးတီးကို ဘယ်လို ကောင်တာ တိုက်စစ်နဲ့ လုပ်သွားလဲ ကျနော်တို့ မြင်ခဲ့ရတယ်။ ယူနိုက်တက် အနေနဲ့ သူတို့ ကစားသမားတွေကို အဲဒီလို ပွဲအစီအမံနဲ့ ပြင်ဆင်လာဖို့ လိုပါတယ်။

ရပ်ဖ် ရန်းနစ် လက်ထက်က ယူနိုက်တက်ကို ကျနော် အပြည့်အဝ အားရမိနေတာတော့ မရှိဘူး။ ဒါပေမယ့် သူတို့က ပွဲစဉ်တွေမှာ အမြဲတမ်း အခွင့်အရေးကောင်းတွေကိုတော့ ဖန်တီးနိုင်တယ်။ ပြီးခဲ့တဲ့ အပတ် ဝက်ဖို့ဒ်ကို သရေကျတုန်းကလည်း အဲဒီလိုပါပဲ။ သူတို့မှာ ၃ ပွဲလောက် နိုင်ပွဲ ရနိုင်မယ့် ဂိုးအခွင့်အရေးတွေ ဖန်တီးခဲ့ကြတာပါ။

ဒီတော့ ယူနိုက်တက်က ဒီတပတ်ပွဲမှာ ဂိုးတော့ သွင်းမယ် ကျနော် ထင်တယ်။ အဲဒီနောက် မန်စီးတီး ကို သူတို့ တောင့်ခံရမှာပါ။ ဒါပေမယ့် အဲ့လို တောင့်ခံတာမျိုးကို လုပ်နိုင်မယ်တော့ ကျနော် မထင်မိပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်စီးတီး 2-1 မန်ယူနိုက်တက်