မန်ချက်စတာ ဒါဘီမှာ အစွမ်းပြသွားတဲ့ စီးတီးကြယ်ပွင့်က ကမ္ဘာ့အကောင်းဆုံးပါ လို့ ပေါလ်စိုး ဝန်ခံ

မန်ချက်စတာ ယူနိုက်တက် ကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရတဲ့ ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသသွားခဲ့တဲ့ မန်စီးတီး ကစားသမား ဒီဘရိုင်းဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒီဘရိုင်းဟာ ဒီပွဲမှာ မန်စီးတီး အတွက် အဖွင့်ဂိုး(၂)ဂိုးကို သွင်းယူပေးခဲ့ပြီး မာရတ်ဇ် သွင်းယူခဲ့တဲ့ တတိယဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။ ဘယ်လ်ဂျီယံ ကစားသမား ဟာ ပွဲချိန်မိနစ်(၈၀)မှာ ဂန်ဒိုဂန် နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

ပေါလ်စခိုးဟာ ဒီဘရိုင်းရဲ့ဂိုးသွင်းယူမှုကို သဘောကျရုံသာမက ကွင်းလယ်ပိုင်းမှာ ပံ့ပိုးပေးနိုင်မှု၊ ခံစစ်ပိုင်းနဲ့ အလုပ် လုပ်နိုင်မှု၊ ကွင်းအတွင်းမှာ ဦးဆောင်နိုင်မှုစတဲ့ အရာအားလုံးကို ချီးကျုးသွားခဲ့တာဖြစ်ပါတယ်။

ပေါလ်စခိုးလ် က “သူဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကွင်းလယ်ကစားသမား ဖြစ်သလို ကမ္ဘာပေါ်မှာလည်း ဖြစ်နိုင်ပါတယ်။ သူ့ကိုထိတဲ့သူကို တွေးလို့တောင်မရပါဘူး။ သူဟာ အရာအားလုံးကို လုပ်ဆောင်နိုင်ပါတယ်။ သူဟာ ပေးပို့မှုတွေကောင်းသလို ထိန်းသိမ်းမှုအပိုင်းတွေမှာလည်း ကောင်းပါတယ်”

“ဒီကောင်လေးဟာ ဂိုးတွေလည်းသွင်းသလို ဂိုးတွေလည်းဖန်တီးတယ်။ခံစစ်ပိုင်းလည်း ကောင်းမွန်သလို သူ့ရဲ့ ပေးပို့မှုတွေ ကလည်း အလွန်ကောင်းမွန်ပါတယ်။ သူ့မှာ ထိပ်တန်းကွင်းလယ် ကစားသမား တယောက်လို ခင်ဗျားတို့ လိုချင်တဲ့ အရာအားလုံး အပြည့် ရှိပါတယ်”

“သူတို့မှာ ဘာနာဒို၊ဂရီလစ်ရှ်နဲ့ ဖိုဒန်တို့ရှိလို့ (၃)၊(၄)ယောက်ရှိလို့ ရပ်တန့်ရတာ ခက်ခဲပါတယ်။ သူတို့ဟာ အလွန် ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး ကစားသမားကောင်းတွေလည်းအများကြီးရှိပါတယ်။ဒီဘရိုင်းကတော့ ဘောလုံးရတိုင်း ဂိုးရဖို့ တွေးနေပါတယ်”

“သူဟာ ဂိုးတွေသွင်းဖို့ ဒါမှမဟုတ် ဖန်တီးမှုတွေ ပြုလုပ်နိုင်ဖို့ တွေးနေတာက တော်တော်လေးကို ကောင်းတဲ့ စိတ်ထား ပါပဲ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းဟာ ဒဏ်ရာတွေကြောင့် ရုန်းကန်ရတာတွေရှိပေမယ့် သူ့ရဲ့အကောင်းဆုံး ပုံစံတွေကိုတော့ အမြဲတမ်း ပြန်လည် ပြသလေ့ရှိတာ ဖြစ်ပါတယ်။