မန်စီးတီးက စပို့တင်းကို ဂိုးဘယ်လောက် ပြတ်သွားမလဲကို မိုက်ကယ်အိုဝင် ခန့်မှန်း
မန်ချက်စတာဒါဘီမှာ ပွဲအတွင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်နိုင်ခြင်းနဲ့အတူ ယူနိုက်တက်ကို ပြတ်ပြတ်သားသား အနိုင်ယူပြီးနောက် မန်စီးတီးဟာ အရေးကြီးတဲ့ ပွဲတွေကို ဆက်ပြီး ယှဉ်ပြိုင်ရပါမယ်။
ယူနိုက်တက်ကို အနိုင်ရမှုနဲ့အတူ မန်စီးတီးဟာ အမှတ်ပေးဇယားမှာ လီဗာပူးကို ၆ မှတ် ဖြတ်ထားနိုင်ခဲ့ကာ လက်ကျန် ပွဲတွေမှာ လီဗာပူးကို အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် ပွဲကလွဲရင် အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဖို့ မရှိတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခြားသော ပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဘက်ကို ဦးလှည့် လာဦးမှာပါ။
ဒီကနေ့မှာတော့ စီးတီးဟာ ပထမအကျော့တုန်းက ၅-၀ နဲ့ အနိုင်ရထားတဲ့ စပို့တင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရပါမယ်။ ဒီပွဲမှာ စီးတီးဟာ အဓိက ကစားသမားအချို့ကို အနားပေးပြီး လူစာရင်း အပြောင်းအလဲ ပြုလုပ်လာနိုင်ပါတယ်။
ဒီပွဲပြီးရင် ပဲလေစ့်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာဖြစ်ကာ၊ နောက်တစ်ပွဲအဖြစ် အက်ဖ်အေဖလားမှာ ဆောက်သမ်တန်ထံ သွားရောက် ရင်ဆိုင်ရပါမယ်။ ပွဲစဉ်ဇယားတွေ သိပ်မကျပ်ခြင်းနဲ့အတူ စီးတီးဟာ လူအပြောင်းအလဲတွေ လုပ်လာဖို့ ရှိပေမယ့် စပို့တင်းကိုတော့ ဂိုးပြတ် နိုင်ပါလိမ့်မယ်လို့ အိုဝင်က ခန့်မှန်းခဲ့ပါတယ်။
Manchester City v Sporting Lisbon (5-0)
လစ္စဘွန်းကပွဲမှာ စီးတီးက သိပ်ကိုထူးချွန်ခဲ့တယ်။ နောက်အဆင့်ကို သူတို့တွေ ခြေတစ်လှမ်း လှမ်းထားပြီးပါပြီ။ ပထမအကျော့လို ခြေစွမ်းမျိုးနဲ့ ဂိုးတွေ အများကြီး မြင်ရမယ်တော့ မထင်ဘူး။ ပက်က ကစားသမားအချို့ကို အနားပေးမှာ ဖြစ်ပေမယ့် ဒီပွဲကို အနိုင်ရဦးမှာပါ။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ Manchester City 3-0 Sporting Lisbon