Crystal Palace v Man City ပွဲအတွက် ဘီဘီစီမှ ဘော်ရိုးရဲ့ ပွဲကြို ခန့်မှန်းချက်

ဒီအပတ်မှာတော့ မန်စီးတီးဟာ ပထမအကျော့ အိမ်ကွင်းမှာ ၂-၀ ဖြင့် အရေးနိမ့်ခဲ့တဲ့ ပဲလေစ့်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

လာပေါ်တေး အနီကဒ် ပြစ်ဒဏ်နဲ့အတူ ပထမအကျော့ဟာ စီးတီးအတွက် ခက်ခဲတဲ့ ပွဲစဉ်ဖြစ်ခဲ့တယ်။ လက်ရှိမှာတော့ အကောင်းဆုံး ခြေစွမ်းတွေ ရနေကာ အမှတ်ပေးဖလားအတွက် တိုက်ခိုက်နေရတဲ့ စီးတီးက ပထမအကျော့ အရှုံးကို လက်စားချေနိုင်မယ်လို့ ယုံကြည်ရတာဖြစ်ပါတယ်။

ဒီအပတ်ပွဲအတွက် ဘီဘီစီမှ ဘောလုံး သုံးသပ်သူ လော်ရိုးက အခုလို ခန့်မှန်းသွားပါတယ်။

Crystal Palace v Man City

ဗီအဲရာက ပဲလေစ့်မှာ အကောင်းဆုံး လုပ်ပြနေတယ်။ သူတို့က တိုက်စစ်ကစားရာမှာ ကြည့်ကောင်းတဲ့ အသင်းဖြစ်တယ်။ ရွိုင်ဟောင်ဆန်နေရာကို သူအစားဝင်လာပြီးတည်းက ကစားကွက်နဲ့ စိတ်ဓါတ်ပိုင်းတွေလည်း ပြောင်းလဲသွားခဲ့တယ်။ အစောပိုင်းမှာ သူတို့ကို အနိုင်ရဖို့ ခက်ခဲတာကို အာရုံစိုက်ခံရပေမယ့် အခုတော့ သူတို့ရဲ့ တိုက်စစ်ကစားဟန်ကို လူတွေ မြင်လာကြပါပြီ။

ဒီရာသီ အစောတုန်းက အီသီဟက်မှာ ပဲလေစ့်က စီးတီးကို အနိုင်ယူခဲ့တယ်။ ဒီပွဲကလည်း စီးတီးအတွက် ပွဲကောင်းဖြစ်မယ်ဆိုတာ သေချာပါတယ်။ ဒီပွဲမှာ စီးတီးကပဲ ရလဒ်ကောင်းရမယ်လို့ ကျနော် ထင်ပါတယ်။

မန်ချက်စတာဒါဘီမှာတုန်းက မန်စီးတီးက ဘယ်လောက်ထိတောင် ကောင်းတယ်ဆိုတာ ကျနေ်ာတို့ မြင်တွေ့ခဲ့တယ်။ အဲ့လို အဆင့်အတန်းကို ဒီပွဲမှာ မပြသနိုင်ဘူးဆိုရင် ကျနော် အံ့သြမိမှာပါပဲ။ လီဗာပူးအသင်းက သူတို့ကို အနီးကပ် ဖိအားပေးနေပြီဆိုတာကို စီးတီးက သိပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ ပဲလေစ့် 0-3 မန်စီးတီး