ဒီတပတ် ခရစ္စတယ် ပဲလေ့စ်နဲ့ မန်စီးတီးပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ခန့်မှန်းချက်
မန်စီးတီးဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်မှာပါ။ ဒီပွဲစဉ် အတွက် ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ်ထားပါတယ်။
အိုဝင်က ” ပြီးခဲ့တဲ့ အပတ် ဝုဗ်ကို နိုင်တဲ့ ပွဲမှာ ပဲလေ့စ် ကစားတာ တကယ်ကောင်းခဲ့တယ်လို့ ကျနော်ထင်တယ်။ အဆင့် ၈ အပြင်က အသင်းတွေထဲမှာ ဒီလောက် တိုက်စစ်မှာ ကွာလတီ ကောင်းတဲ့ အသင်း များများ မရှိပါဘူး။ ပဲလေ့စ်ကတော့ အမြဲ တိုက်စစ်ကောင်းနေပြီး ခြိမ်းခြောက်နိုင်စွမ်း ရှိနေတယ်။
ယူနိုက်တက်နဲ့ပွဲက စွမ်းဆောင်ရည်ကတော့ အများ အာရုံစိုက်စရာ ဖြစ်ခဲ့တယ်။ မန်ချက်စတာ ဒါဘီတုန်းက ထုံးစံအတိုင်း လိုပဲ မန်စီးတီးက လွှမ်းမိုးနိုင်ခဲ့တယ်။ အထူးသဖြင့် ပွဲ ဒုတိယပိုင်းက ပုံစံက မန်စီးတီး ပုံစံပါပဲ။ သူတို့ က ပွဲကို ထိန်းချုပ်ပြီး အခွင့်အရေးတွေ ဖန်တီးတော့တာ။
ဒီတပတ်ပွဲမှာ ပဲလေ့စ် ဂိုးသွင်းရင်လည်း ကျနော် အံ့သြမိမှာ မဟုတ်ဘူး။ ဒါပေမယ့် လက်ရှိ မန်စီးတီးကတော့ သိပ် အင်အား တောင့်တင်းလွန်းနေပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ခရစ္စတယ်ပဲလေ့စ် ၁-၃ မန်စီးတီး ဖြစ်ပါတယ်။ ကန်မယ့် ပွဲချိန်ကတော့ မတ် ၁၅ ရက်၊ အင်္ဂါနေ့ နံနက် ၂း၃၀ နာရီမှာ ဖြစ်ပါတယ်။
ZG
မန္စီးတီးဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာ ခရစၥတယ္ပဲေလ့စ္ကို အေဝးကြင္း သြားေရာက္ ရင္ဆုိင္မွာပါ။ ဒီပြဲစဥ္ အတြက္ ပရီးမီးယားလိဂ္ တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္က အခုလို သံုးသပ္ထားပါတယ္။
အိုဝင္က ” ၿပီးခဲ့တဲ့ အပတ္ ဝုဗ္ကို ႏိုင္တဲ့ ပြဲမွာ ပဲေလ့စ္ ကစားတာ တကယ္ေကာင္းခဲ့တယ္လို႔ က်ေနာ္ထင္တယ္။ အဆင့္ ၈ အျပင္က အသင္းေတြထဲမွာ ဒီေလာက္ တိုက္စစ္မွာ ကြာလတီ ေကာင္းတဲ့ အသင္း မ်ားမ်ား မရွိပါဘူး။ ပဲေလ့စ္ကေတာ့ အၿမဲ တိုက္စစ္ေကာင္းေနၿပီး ၿခိမ္းေျခာက္ႏိုင္စြမ္း ရွိေနတယ္။
ယူႏိုက္တက္နဲ႔ပြဲက စြမ္းေဆာင္ရည္ကေတာ့ အမ်ား အာ႐ုံစိုက္စရာ ျဖစ္ခဲ့တယ္။ မန္ခ်က္စတာ ဒါဘီတုန္းက ထုံးစံအတိုင္း လိုပဲ မန္စီးတီးက လႊမ္းမိုးႏိုင္ခဲ့တယ္။ အထူးသျဖင့္ ပြဲ ဒုတိယပိုင္းက ပုံစံက မန္စီးတီး ပုံစံပါပဲ။ သူတို႔ က ပြဲကို ထိန္းခ်ဳပ္ၿပီး အခြင့္အေရးေတြ ဖန္တီးေတာ့တာ။
ဒီတပတ္ပြဲမွာ ပဲေလ့စ္ ဂိုးသြင္းရင္လည္း က်ေနာ္ အံ့ၾသမိမွာ မဟုတ္ဘူး။ ဒါေပမယ့္ လက္ရွိ မန္စီးတီးကေတာ့ သိပ္ အင္အား ေတာင့္တင္းလြန္းေနပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။
မိုက္ကယ္အိုဝင္ ခန႔္မွန္းရလဒ္ ကေတာ့ ခရစၥတယ္ပဲေလ့စ္ ၁-၃ မန္စီးတီး ျဖစ္ပါတယ္။ ကန္မယ့္ ပြဲခ်ိန္ကေတာ့ မတ္ ၁၅ ရက္၊ အဂၤါေန႔ နံနက္ ၂း၃၀ နာရီမွာ ျဖစ္ပါတယ္။