ပဲလေ့စ်ဘက် ဂိုးမသွင်းနိုင်ခဲ့တဲ့ အပေါ် အကြောင်းပြချက် ပေးသွားတဲ့ မန်စီးတီး နည်းပြ ပက်
မန်စီးတီးအသင်းဟာ ညက ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဂိုးမရှိရလဒ်နဲ့ သရေကျသွား ခဲ့ပါတယ်။ စီးတီးဟာ ယခုနှစ်ရာသီ တိုက်စစ်ပိုင်းက ဂိုးပြတ်သွင်းတဲ့ပွဲတွေ များပေမဲ့ ခရစ္စတယ်ပဲလေ့စ်ကိုတော့ အိမ်ကွင်းရော အဝေးကွင်းမှာပါ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။
မန်စီးတီးအသင်းဟာ စပို့တင်းလစ္စဘွန်း၊ ပဲလေ့စ်တို့ကို ၂ပွဲဆက်တိုက် သရေကျခဲ့ပြီး အဆိုပါ မှတ်တမ်းက ဂွာဒီယိုလာလက်ထက် ပထမဆုံးဖြစ်သလို ၂၀၁၆ ခုနှစ် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂ပွဲဆက် ဂိုးမရှိ သရေကျခဲ့ခြင်း လည်း ဖြစ်ပါတယ်။
နည်းပြ ဂွာဒီယိုလာ ဟာ ပဲလေ့စ် အသင်း နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲမှာ ကစားရ ခက်စေခဲ့တဲ့ ပဲလေ့စ် အသင်း အိမ်ကွင်း မြက်ခင်းပြင်ကို အပြစ်တင်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဂွာဒီယိုလာ က “ပဲလေ့စ် ကစားတာ ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ကစားဖို့ ပွဲတွေ အများကြီး ကျန်ပါသေးတယ်။ နိုင်ပွဲတွေ အများကြီးရဦးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကစားပုံက အသင်းအတွက် နောင်တ ရစရာ မရှိပါဘူး”
“ကျွန်တော်တို့ အနိုင်ရဖို့ကို ပိုလိုချင်ခဲ့တာတော့ ဟုတ်ပါတယ်။ဒါပေမယ့် ပွဲကို ကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ပွဲကို အနိုင်ရဖို့ ကစားခဲ့တယ်။ အခွင့်အရေးတွေလည်း ပိုပြီးဖန်တီးခဲ့တယ်။ အချက်အလက်တွေကလည်း ရှိနေပါတယ်”
“ပြီးပြည့်စုံခြင်း မရှိတဲ့ မြက်ခင်းပြင်နဲ့ ခက်ခဲတဲ့ အားကစားကွင်းမှာ ကျွန်တော်တို့ ကစားပုံက အလွန်ကောင်းပါတယ်။ကျွန်တော်တို့ အဲ့မှာ တစ်ချိန်လုံး ရှိခဲ့ပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ပွဲရှိခဲ့ပါတယ်” လို့ ဆိုခဲ့ပါတယ်။
မန်စီးတီး အသင်းဟာ ဒီပွဲမှာ ပဲလေ့စ် အသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာပါ။ ဒီပွဲ ရလဒ်ကြောင့် မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား မှာ လီဗာပူးလ် အသင်းကို (၄)မှတ်ဖြတ်ပြီး ဦးဆောင်နေတာဖြစ်ပါတယ်။
ဒါပေမယ့် လီဗာပူးလ် အသင်းက ပွဲကျန်တစ်ပွဲကျန်နေတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုက ပိုပြီး အသက်ဝင်လာခဲ့တာပါ။ မန်စီးတီးနဲ့ လီဗာပူးလ် အသင်းဟာ ဧပြီလထဲမှာ ကစားရဖို့ ရှိနေပြီး ဒီပွဲဟာ (၂)သင်းလုံး အတွက် အရေးပါလာခဲ့ပြီဖြစ်ပါတယ်။
မန်စီးတီး အသင်းဟာ ဒီတစ်ပတ်မှာတော့ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် ဆောက်သမ်တန် အသင်း အိမ်ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။