ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ မန်စီးတီးရဲ့ အလားအလာ ဘယ်လိုရှိနေလဲ သုံးသပ်တဲ့ နဗီးလ်
မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကတော့ မန်ချက်စတာစီးတီး အသင်းဟာ ဒီတပတ် ခရစ္စတယ်ပဲလေ့စ်ကို ဝ-၀ သရေသာ ကစားနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မှုမှာ အားသာချက်ရှိနေဆဲပဲ လို့ သုံးသပ်သွားခဲ့ပါတယ်။
“ချန်ပီယံဆုအတွက် ၅၀/၅၀ ပဲလို့ ကျွန်တော်မပြောနိုင်သေးပါဘူး။ မန်စီးတီးက ဦးဆောင်နေတုန်းပါ။ ဒါပေမယ့် လီဗာပူးရဲ့ တိုက်စစ်ကစားသမား ၅ ယောက်ကလည်း ပေါ့သေးသေးတော့ မဟုတ်ပါဘူး။
ကာရာဘောင်း ဖလား ဖိုင်နယ်မှာ ဒီရက်ဇ်ကို ပထမဆုံး တွေ့တုန်းကဆိုရင် အင်္ဂလိပ်ဘောလုံးကို တန်းအသားကျတဲ့ ကစားသမားကို မြင်လိုက်ရတာ မယုံကြည်နိုင်အောင် ဖြစ်မိတယ်။ သူက တကယ်ကောင်းတဲ့ ကစားသမားပဲ။ အာဖရိကနို ဖလား ကျင်းပနေတဲ့အချိန်ကို ပြန်စဉ်းစားကြည့်မိရင် သူတို့မှာ ဆာလက်နဲ့မာနေးကို တစ်လလုံး ဆုံးရှုံးခဲ့ရတယ်။ စီးတီးက ဒါကို အခွင့်အရေးမယူနိုင်ခဲ့ဘူးလို့ ထင်တယ်။
ဒါပေမယ့် စီးတီးကပဲ ဒီနှစ်ပြည်တွင်းလိဂ်ကို ရယူဖို့ အခြေအနေအကောင်းဆုံးပါ၊ ပွဲမပြီးသေးပါဘူး။ လီဗာပူးကိုလည်း ချီးကျူးရမယ်၊ ကစားသမားတွေကိုရောပေါ့။ ဇန်နဝါရီမှာ ဒီရက်ဇ်ကိုခေါ်ပြီး နည်းပြက အသင်းကို အပတ်တိုင်း အကောင်းဆုံးခြေစွမ်းနဲ့ နိုင်ပွဲတွေ ဆက်တိုက်ရအောင် ဦးဆောင်နေတာပါ ” လို့ ပြောခဲ့ပါတယ်။
နဗီးလ်က စီးတီးနဲ့ပဲလေ့စ်တို့ရဲ့ သရေပွဲစဉ်ဟာ လီဗာပူးကို ပိုပြီးယုံကြည်မှု တိုးပွားသွားစေပြီး ပြိုင်ဘက်ကို အမှီလိုက်ဖို့ အတွက် အခွင့်အရေးတစ်ခုဖြစ်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
နဗီးလ်က ဆက်လက်ပြီး “လီဗာပူးက ယုံကြည်မှုပိုကောင်းသွားတယ်။ ဒါပေမယ့် မန်စီးတီးကလည်း ယုံကြည်မှု လျော့သွားမှာတော့ မဟုတ်ပါဘူး။ သူတို့သွားရမယ့် ခရီးက အများကြီးကျန်ပါသေးတယ်။ ပွဲစဉ်ကိုကြည့်ပြီး ဘယ်အသင်းရဲ့ ပွဲစဉ်က ပိုကျပ်လဲဆိုတာ စဉ်းစားဖို့လိုတယ်။ အဲ့ဒီကနေပဲ သူတို့အမှတ်တွေစုဆေင်းရမှာလေ။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွေလည်း ရှိနေသေးတော့ ဘယ်အသင်းနဲ့ ကစားရမလဲဆိုတာ မသိသေးဘူး။ ဒါပေမယ့် စီးတီးနဲ့လီဗာပူးဆီမျာ ချန်ပီယံလိဂ်ပွဲကြီးနှစ်ပွဲ ကစားဖို့ရှိသေးတာကိုလည်း မေ့လို့မရပါဘူး၊ ပြီးတော့ ဒီလူစာရင်းနဲ့ပဲ ပွဲတွေအများကြီး ကစားရဦးမှာပါ။
ပွဲတွေက ရိုးရှင်းသလိုနဲ့ ပိုပိုပြီးခက်လာမှာပါ။ အထူးသဖြင့် ဥရောပပွဲစဉ်ညတွေပေါ့ ” လို့ နဗီလ်းက သုံးသပ်ပြောကြားခဲ့ပါတယ်။
ပဲလေ့စ်နဲ့ပွဲမှာ သရေရလဒ်သာ ရရှိခဲ့တာကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယားမှာ တစ်ပွဲလျော့ လီဗာပူးထက် ၄ မှတ်သာ ဖြတ်နိုင်ပါတော့တယ်။
ဂယ်ရီနဗီးလ်ကတော့ လီဗာပူးဟာ သူတို့ရဲ့ အကောင်းဆုံး တိုက်စစ်အတွဲတွေနဲ့ မန်စီးတီးကို ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပေမယ့် စီးတီးကသာ ချန်ပီယံဆုအတွက် ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေဦးမယ်လို့ ယုံကြည်နေပါတယ်။