မန်စီးတီး သရေကျတဲ့ပွဲမှာ ပွဲကို စိစစ်ဖို့အတွက် ၆၅ မိနစ်စာ ကြည့်ခဲ့တဲ့ ယာဂင်ကလော့ပ်
အဝေးကွင်းမှာ မန်စီးတီးနဲ့ ပဲလေစ့် သရေကျတဲ့ပွဲကို ၆၅ မိနစ်စာ ကြည့်ခဲ့ပါတယ်လို့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ပြောပါတယ်။
အမှတ်ပေးဇယားမှာ လီဗာပူးက မန်စီးတီးကို ဖိအားပေးလာနေခြင်းဖြစ်ကာ နှစ်သင်းကြား ရမှတ်ကွာဟမှုတွေ ကျဉ်းမြောင်းပြီးရင်း ကျဉ်းမြောင်းလာနေခဲ့ပါတယ်။ ဒါပေမယ့် လက်ကျန် ပွဲစဉ်တွေကို ကြည့်မယ်ဆိုရင် စီးတီးက ကြီး ၆ ကြီး ပြိုင်ဘက်အဖြစ် လီဗာပူးတစ်သင်းတည်းနဲ့ ထိပ်တိုက်တွေ့ရတော့မှာပါ။
လီဗာပူးအသင်းက အာဆင်နယ်၊ မန်ယူ၊ စပါးတို့နဲ့ပါ ယှဉ်ပြိုင်ရမှာဖြစ်လို့ စီးတီးအနေနဲ့ ၈ ပွဲနိုင်ပြီး လီဗာပူးကို သရေကျတာနဲ့တင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရှိနေပါတယ်။
ပဲလေ့စ်ကို ဖြိုခွဲဖို့ စီးတီးတို့ ရုန်းကန်ခဲ့ရတာကို ကြည့်ခဲ့လားလို့ မေးမြန်းခဲ့ရာ ကလော့ပ်က “ ကျွန်တော် ၆၅ မိနစ် အတိအကျပဲ ကြည့်ခဲ့တယ်။ ပိုင်းခြားသုံးသပ်ဖို့ အကြောင်းပြချက်အတွက်ပါပဲ။ ပွဲတွေကိုကြည့်ဖို့ ကျွန်တော့်မှာ အချိန်သိပ်မရှိခဲ့ဘူး။
ခရစ္စတယ်ပဲလေ့စ်က တကယ်ကို ကောင်းကောင်းလုပ်ခဲ့တယ်။ မန်စီးတီးလည်း ကောာင်းခဲ့ပါတယ်။ ရလဒ်ကို မြင်လိုက်တော့ ကျွန်တော် အံ့ဩသွားတယ်။ အဲ့ဒါက စိတ်အခြေအနေကို အကူအညီဖြစ်စေလားဆိုတော့ ဘာလို့ ဖြစ်နိုင်မှာလဲ။
ကျွန်တော်တို့ အာဆင်နယ်နဲ့ ကစားရမယ်။ အခုချိန်မှာ အာဆင်နယ် မဟုတ်တဲ့ တခြားကိစ္စတွေကို အာရုံမစိုက်နိုင်ပါဘူး။ အာဆင်နယ်ကို နိုင်ရမယ်လို့ ပြောဖို့ဆိုတာ မင်းအတွက်တော့ လွယ်ပါတယ်။ ဒါပေမယ့် အဲ့ဒါက ကျွန်တော်တို့အတွက် ၃ မှတ်တန် တိုက်ပွဲပါ။ ကျွန်တော်တို့ ဒီပွဲကို ကစားဖို့ လိုပါတယ် ” လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးဟာ ၈ ပွဲဆက် အနိုင်ရလဒ်ကို ရယူနိုင်ရင် တနင်္လာနေ့တုန်းက ပဲလေ့စ်နဲ့ပွဲမှာ ၂ မှတ်လျော့ခဲ့တဲ့ မန်စီးတီးကို အခွင့်ကောင်းယူပြီး လက်ရှိချန်ပီယံတွေနဲ့ ၁ မှတ်သာ ကွာဟတော့မှာ ဖြစ်ပါတယ်။
လ