ဆောက်သမ်တန် V မန်စီးတီးတို့ရဲ့ အက်ဖ်အေဖလားပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းချက်

နိုင်ငံတကာသီတင်းပတ် မဝင်ရောက်လာခင် နောက်ဆုံး ပွဲစဉ်တစ်ခုအဖြစ် ဒီအပတ်မှာတော့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ဆောက်သမ်တန်နဲ့ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အဆိုပါပွဲစဉ်အတွက် ဘီဘီစီမှ လော်ရိုးရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆောက်သမ်တန် – မန်စီးတီး (FA Cup)

ဆောက်သမ်တန် ဟာ ဒီရာသီ မန်စီးတီး နဲ့ ရင်ဆိုင် ကစားထားတဲ့ 2 ပွဲ စလုံးမှာ ပုံစံကောင်းတွေ နဲ့ တုန့်ပြန်ပြထားပြီးပါပြီ။ ဒါပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာ သူတို့ရဲ့ စွမ်းဆောင်ရည်က နည်းနည်းလေး ကျလာတာ တွေ့ရသလိုပါပဲ။

ဗီလာ ၊ နယူးကာဆယ် ၊ ဝက်ဖို့ဒ် တို့ကို သုံးပွဲ ဆက်တိုက် ရှုံးနိမ့်ပြီး နောက်ပိုင်း ကစားရတဲ့ပွဲစဉ်မျိုး ဖြစ်လို့ ယုံကြည်ချက်ပိုင်းကတော့ ခိုင်ခိုင်မာမာ ရှိမယ် မထင်ပါဘူး။ မန်စီးတီး ကလဲ ဒီအတိုင်းပါပဲ။ ပဲလေ့ ကို သရေ ကျသွားတဲ့ ရလာဒ်ဟာ တော်တော်ကြီးကို ဆိုးဝါးလွန်းပါတယ်။ အထူးသဖြင့် လီဗာပူး က နိုင်ပွဲဆက်ချိန်မှာ ၊ ပိုလို့တောင် သက်ရောက်မှုက ကြီးမားပါတယ်။

ပက် ဟာ ကိုယ့်အသင်းက ဂိုးလိုနေတဲ့ အချိန်မျိုးမှာတောင် အရန်ထိုင်ခုံတန်း က စတာလင် ၊ ဂျေဇု တို့ကို ချန်ထားခဲ့တာ အံ့အားသင့်မိပါတယ်။ ကလော့ပ် ဆိုရင် သွင်းဂိုးတွေ လိုပြီ ဆိုတာ နဲ့ တိုက်စစ်တွေချည်းပဲ အားပြုပြီး လူစားလဲနေတာ အာဆင်နယ်နဲ့ ပွဲမှာလဲ မြင်လိုက်ရမှာပါ။ ဒါက ပြိုင်ဘက်အတွက်လဲ ခေါင်းခဲစရာတွေ ထပ်ပြီး ဖန်တီးပေးလိုက်သလိုပါပဲ။

ပက် အနေနဲ့ တစ်ချို့ အခိုက်အတန့်မှာ ဆုံးဖြတ်ချက်တွေ ထိရောက်ဖို့ လိုပါတယ်။

လော်ရိုး ခန့်မှန်းချက် – ဆောက်သမ်တန် 0-2 မန်စီးတီး