ချန်ပီယံလိဂ် ပြိုင်ဘက် တီကိုနဲ့ နည်းပြ ဆီမြွန်နီတို့ အပေါ် ဂွာဒီယိုလာ သုံးသပ် မှတ်ချက်စကား ဆို

နည်းပြ ဆီမြွန်နီရဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ သူတို့ရဲ့တောင့်တင်းကြံခိုင်တဲ့ ခံစစ်ကစားပုံကြောင့် နာမည်ကျော်ကြားပြီး မန်စီးတီး ကတော့ လွတ်လပ်စွာစီးမျောပြီး ဘောလုံးပိုင်ဆိုင်ဖို့ကြိုးစားတဲ့ ကစားပုံကြောင့် နာမည်ကြီးပါတယ်။

ဒီနှစ်သင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အသင်းမှာ ထိပ်တိုက် တွေ့ဆုံနေပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူတို့ အသင်းနဲ့တွေ့မယ့် ပြိုင်ဖက် အက်သလက်တီကိုမက်ဒရစ်နဲ့ ပတ်သတ်ပြီး အခုလို မှတ်ချက်ပေးမှုတွေ ပြုလုပ်သွားပါတယ်။

တီကိုနဲ့ မဲကျတဲ့ အပေါ် မေးမြန်းခံခဲ့ရရာ ဂွာဒီယိုလာ က “ဒီမေးခွန်းကို ကျွန်တော်နားလည်ပါတယ်။ အက်အေဖလား အနေနဲ့လည်း ဒီပြိုင်ပွဲကိုအလေးမထားတာကို ဝမ်းနည်းနေလိမ့်မယ် ထင်တယ်။ ကျွန်တော် ဘာများပြောနိုင်မှာလဲ သူတို့ဟာ လီဗာပူး ပေါ်တိုနဲ့ မီလန်တို့လို ပွဲစဉ်ခက်တဲ့ထဲကို ရောက်သွားတာပါ။

ယူနိုက်တက်နဲ့မိနစ် ၁၈၀ အပြီးမှာတော့ သူတို့ပိုကောင်းလာခဲ့ပါတယ်။ မက်ဒရစ်မှာတုန်းက ပွဲတုန်းက သူတို အရမ်း ကောင်းပါတယ်။ အဓိက ကတော့ ပထမပိုင်းမှာပါ။ သူတို့ဟာ ခင်ဗျား ဘယ်လိုလူဖြစ်ဖြစ်ရအောင် ရှောင်ရှားနိုင်တာ မလို့ တော်တော်ကောင်းတဲ့အရည်အချင်းပါပဲ။

သူတို့လုပ်စရာရှိတာကို အမြဲလုပ်ကြတယ်။ ဘယ်လိုကစားနည်းနဲ့ ခင်ဗျားဘယ်လောက်ပဲ ကြိုးစားကြိုးစား ခက်ခဲပါတယ်။ ဒုတိယအဝေးကွင်းပွဲစဉ်မှာ ပိုရှုပ်ထွေးခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပရဲ့အကောင်းဆုံးအသင်း ၈ သင်းလုံးရဲ့ ပွဲစဉ်တိုင်းက ခက်ခဲပါတယ်။

ဆီမြွန်နီက ဘယ်တော့မှ အလုပ်ထုတ်ခံရမှာမဟုတ်ဘူးဗျ။ သူ့အသင်းသားတွေ အကုန်လုံးက ဘယ်သူ မန်နေဂျာလဲ သိလို့ပါ။ အဲလိုမဟုတ်ဘူးဆိုရင် ဘယ်သူမှ အက်သလက်တီကို အသင်းမျိုးကို ထိန်းနိုင်မှာမဟုတ်ဘူး။ ‌ဆီမြွန်နီကို ထုတ်လိုက်ရင်တောင် ကစားသမားတိုင်းက သူတို့လုပ်ရ မှာသူတို့သိပြီး လုပ်စရာရှိတာ လုပ်ကြပါတယ်။ မနှစ်က သူတို့ ရုန်းခဲ့ကြတာပါ” လို့ပြောပါတယ်။

မန်စီးတီးသာ ဆီမိးဖိုင်နယ်ကို တက်သွားခဲ့မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးတို့ အတွဲထဲက အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။