အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲကို ရွှေ့ဖို့ အတူ တောင်းဆိုနေကြတဲ့ မန်စီးတီးနဲ့ လီဗာပူး ပရိသတ်များ
လီဗာပူးနဲ့ မန်စီးတီး ပရိသတ်တွေဟာ မီးရထား ပြေးဆွဲမှုတွေ မရှိတာကြောင့် နောက်လ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကို ဝင်ဘာလေကွင်းကနေ နေရာပြောင်းရွှေ့ပေးဖို့ အတူ တောင်းဆိုခဲ့ကြပါတယ်။
အဲ့ဒီ့အပတ်မှာ အင်္ဂလန်ရဲ့ မြို့ကြီးတွေဖြစ်တဲ့ လီဗာပူးမြို့ကနေရော မန်ချက်စတာမြို့ကနေပါ လန်ဒန်မြို့ဆီ ထွက်ခွာမယ့် တိုက်ရိုက်ရထား မရှိဘဲ မီးရထား အဆင့်မြှင့်တင်ရေး အစီအစဉ်တွေကြောင့် ဧပြီ ၁၆-၁၇ ရက်သတ္တပတ်မှာ ရပ်နားထားကြမှာပါ။။
ပရိသတ်တွေအတွက် အသွားအလာ ပြဿနာတွေ ဖြစ်လာနိုင်တဲ့အကြောင်းကို လွန်ခဲ့တဲ့ ၆ လဖြစ်တဲ့ မနှစ် စက်တင်ဘာလကတည်း အက်ဖ်အေထံ အကြံပေးစာ ပေးပို့ခဲ့ကြောင်းကို ရထား လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ဆိုပါတယ်။
ဒါပေမယ့် အက်ဖ်အေက ကြေညာချက်ထုတ်ပြန်ရာမှာ “အက်ဖ်အေအနေနဲ့ လီဗာပူး နဲ့ မန်စီးတီးပွဲအပါအဝင် ပွဲအားလုံးကို စီစဉ်ပြီးသားပါ။ အဲ့ထဲမှာ ပရိသတ်တွေ ဝင်ဘာလေကို လာနိုင်အောင်လည်း စီစဉ်ထားပါတယ်။ ကျွန်တော်တို့ မီးရထား နဲ့ ကားလမ်းတွေက တာဝန်ရှိသူတွေနဲ့ လက်တွဲလုပ်နေပါတယ်။ အဖြေရှာပြီးဖြစ်တာကြောာင့် ပရိသတ်တွေခရီးသွားနိုင်အောင် လုပ်ပေးသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
အက်ဖ်အေဟာ ၂၀၁၁ နောက်ပိုင်းကတည်းက ဆီမီးဖိုင်နယ်ကို ဝင်ဘာလေမှာ ကျင်းပလာတာဖြစ်ပါတယ်။ စနေနေ့မှာ ကစားမှာဖြစ်တာကြောင့် လီဗာပူူးပရိသတ်အနေနဲ့ နောက်ဆုံးရထားကို ၇ နာရီ ၃၅ မိနစ်အမီ စီးရဖွယ်ရှိနေပါတယ်။
မန်စီးတီးကတော့ ပရိသတ်တွေအဆင်ပြေအောင် စီစဉ်ပေးဖို့ ပြင်ဆင်နေပေမယ့် ဝင်ဘာလေမှာ ကစားမယ့် အက်ဖ်အေရဲ့ဆုံးဖြတ်ချက်ကို ပရိသတ်တွေက ဒေါသထွက်နေပါတယ်။
မန်စီးတီးပရိသတ်တစ်ဦးဖြစ်တဲ့ ကီဗင်ပါကားက “လူတိုင်းအံ့သြနေပါတယ်။ အက်ဖ်အေက ဒီလိုပြဿနာတက်မယ်ဆိုတာ သိပါတယ်။ သူတို့ အိုးထရက်ဖို့ဒ်မှာ ကစားဖို့ စီစဉ်နိုင်ပါတယ်။ ဒါပေမယ့် ဝင်ငွေကြောင့် အခုလိုစီစဉ်တာနေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။