ဒီဘရိုင်းနဲ့ ဝေါ်ကာ အပါအဝင် စီးတီးကြယ်ပွင့်တချို့ကို အားမွေးဖို့ တစ်ပတ် နားရက်ပေးထား

မန်စီးတီး အသင်းရဲ့ ကြယ်ပွင့်ကစားသမားများ အနေနဲ့ ခက်ခဲကြမ်းတမ်းတော့မယ့် ရာသီအဆုံးသတ်ကာလကို ရင်ဆိုင် ကျော်ဖြတ်နိုင်ရန် အတွက် အားမွေးစေတဲ့ အနေနဲ့ နည်းပြ ဂွာဒီယိုလာက ကစားသမား တချို့ကို နားရက်ပေးထားပါတယ်။

လက်ရှိ နိုင်ငံတကာသီတင်းပတ်မှာ နိုင်ငံအသင်းနဲ့ အတူ ပါဝင်ရန်မလိုအပ်သော ဒီဘရိုင်းနှင့် ကိုင်းလ်ဝေါ်ကာ အပါအဝင် ကစားသမားအချို့ကို ဂွာဒီယိုလာ က အားလပ်ရက် ၇ ရက် ပေးလိုက်တာ ဖြစ်ပါတယ်။ ဂွာဒီယိုလာ နည်းတူ ကလော့ပ်ကလည်း သူ့ကစားသမားတွေကို တစ်ပတ် နားရက် ပေးခဲ့ပါတယ်။

ဂွာဒီယိုလာ က အားလပ်ရက်ရရှိသော ကစားသမားများကို အသင်းလေ့ကျင့်ရေးကွင်း၏ အဝေးတွင် သက် တောင့်သက်သာ အနားယူ နေထိုင်စေရန် ရည်ရွယ်ထားခြင်းပါ။

ဒီရာသီ ဖလား ၃ လုံးဆွတ်ခူနိုင်မည့် အခွင့်အရေးရှိနေသည့် မန်စီးတီးအသင်းသည် ဧပြီ ၂ ရက်တွင် ဘန်လေအသင်း နဲ့ ယှဉ်ပြိုင်ရမည့်အချိန်မှ စတင်ကာ ရာသီကုန်အထိ ခရီးကြမ်းစတင်မှာ ဖြစ်ပါတယ်။

အဲဒီပွဲနောက် မန်စီးတီးဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် လက်ရှိလာလီဂါချန်ပီယံ အက်သလက်တီကို မက်ဒရစ်နှင့် နှစ်ကျော့ ယှဉ်ပြိုင်ရမှာ ဖြစ်သလို ပရီးမီးယားလိဂ်မှ ပြိုင်ဖက် လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တို့ကို ကစားရမှာပါ။

လက်ရှိမှာ ယာဂန်ကလော့ပ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းတွင် တစ်မှတ်အကွာဖြင့် ဖိအားပေးနေပါတယ်။

မန်စီးတီး အသင်းမှ အသင်းသား ၁၂ ယောက်မှာမူ လက်ရှိတွင် နိုင်ငံလက်ရွေးစင်တာဝန်ထမ်းဆောင်နေပြီး အရေးကြီးပွဲကတော့ အယ်လ်ဂျီးရီးယားအသင်းနှင့်အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးအဆင့် ယှဉ်ပြိုင်မည့် တောင်ပံ ကစားသမား မာရက်ဇ်ဖြစ်ပါတယ်။

စီးတီးမှာ ဂါဘရီယယ်ဂျီးဆပ်စ်နှင့် ဖာနန်ဒင်ဟိုတို့ အသင်းမှာ ဆက်လက်ရှိနေသလို အင်္ဂလန်လက်ရွေးစင် နည်းပြ ဆောက်ဂိတ်က ကိုင်းလ်ဝေါ်ကာ ကို ဒီတပတ် အနားပေးခဲ့ပါတယ်။

ဘယ်လ်ဂျီယံ ကလည်း ဒီဘရိုင်းထက် ချစ်ကြည်ရေး ခြေစမ်းပွဲစဉ် ဖြစ်တာကြောင့် လက်ရွေးစင်ပွဲ ၅၀ အောက် လျော့နည်းနေသော ကစားသမားများကိုသာ ရွေးချယ်ခဲ့တာပါ။

ပေါ်တူဂီလက်ရွေးစင်ဗဟိုနောက်ခံလူ ရူဘင်ဒီယက်စ်ကလည်း တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရပြီး ရာသီလက်ကျန်ပွဲစဉ်များအတွက် သူရဲ့ကြံ့ခိုင်မှုအပေါ် သက်သေပြဖို့ လိုနေပါသေးတယ်။

ဂိုးသမား အီဒါဆန်မှာလည်း အဖျားဝေဒနာ ခံစားနေရတာကြောင့် ဘရာဇီးလ်လက်ရွေးစင်အသင်းနှင့် ပူးပေါင်း နိုင်ခြင်း မရှိဘဲ မန်ချက်စတာမြို့မှာ ရှိနေပါတယ်။