ဂွာဒီယိုလာဆီက သင်ယူဖူးတဲ့ တပည့်ကျော်ကိုမှ နည်းပြ ခန့်ဖို့ လုပ်နေတဲ့ မန်ယူအသင်း
မန်ချက်စတာ ယူနိုက်တက်တို့ လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်က မြို့ခံပြိင်ဘက် မန်စီးတီးရဲ့ လက်ရှိ နည်းပြ ဂွာဒီယိုလာဆီမှာ ပညာသင်ယူခဲ့ဖူးတယ်လို့ သိရပါတယ်။
အဲရစ်တန်ဟက်ခ်နဲ့ ယူနိုက်တက်တို့ ပြီးခဲ့တဲ့ တနင်္လာက ဆွေးနွေးခဲ့ကြပြီး အသက် (၅၂) နှစ်အရွယ် အဆိုပါ အေဂျက်စ်နည်းပြက ယူနိုက်တက်ကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ အင်္ဂလိပ်စာကိုလည်း သင်ယူနေတာပါ။
မန်ချက်စတာ ယူနိုက်တက်ကတော့ ပိုချက်တီနို၊ လိုပက်တယ်ဟီ၊ လူးဝစ်အင်းနရစ်တို့နဲ့ ထပ်မံတွေ့ဆုံသွားဖို့လည်း ဆန္ဒရှိနေပါတယ်။ အဲရစ်တန်ဟက်ခ်ကတော့ မန်ယူနဲ့ အင်တာဗျူးပြီး ဖြစ်ကာ လာမယ့်နွေရာသီမှာ အေဂျက်စ်ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေပါတယ်။
ဒီလိုမျိုး အဲရစ်တန်ဟက်ခ်ဟာ ငယ်ဘဝမှာ အကပညာရှင်ဖြစ်ဖို့ ဝါသနာပါခဲ့ပြီး နောက်ဆုံးမှသာ ဘောလုံးလောကကို ရွေးချယ်ခဲ့တာပါ။ နည်းပြကြီးဟာ (၂၀၁၃) ကနေ (၂၀၁၅) အထိ ဘိုင်ယန်မြူးနစ်မှာ အရန်အသင်း နည်းပြ ဖြစ်ခဲ့ဖူးပါတယ်။
အဲရစ်တန်ဟက်ခ်က “ကျနော် ဂွာဒီယိုလာ ဆီက အများကြီး သင်ယူခဲ့ဖူးပါတယ်။ သူ့ရဲ့ အတွေးအခေါ် အယူအဆတွေက တကယ်ကို ထူးခြားကောင်းမွန်ပါတယ်။ ဒါတွေကို သူက ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ အခု မန်စီးတီးတို့မှာ စွမ်းဆောင်ပြနေပါတယ်”
“တိုက်စစ်နဲ့ ဆွဲဆောင်မှုရှိတဲ့ ကစားဟန်တွေက သူ့ကို အောင်မြင်မှုအများကြီးရရှိစေပါတယ်။ အေဂျက်စ်မှာလည်း ကျနော် ဂွာဒီယိုလာရဲ့ ပုံစံအတိုင်း တည်ဆောက်ဖို့ ကြိုးစားနေတာပါ” လို့ (၂၀၁၉) မှာ ပြောကြားခဲ့ဖူးပါတယ်။
ZG
မန္ခ်က္စတာ ယူႏိုက္တက္တို႔ လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ ေအဂ်က္စ္နည္းျပ အဲရစ္တန္ဟက္ခ္က ၿမိဳ႕ခံၿပိင္ဘက္ မန္စီးတီးရဲ႕ လက္ရွိ နည္းျပ ဂြာဒီယိုလာဆီမွာ ပညာသင္ယူခဲ့ဖူးတယ္လို႔ သိရပါတယ္။
အဲရစ္တန္ဟက္ခ္နဲ႔ ယူႏိုက္တက္တို႔ ၿပီးခဲ့တဲ့ တနလၤာက ေဆြးေႏြးခဲ့ၾကၿပီး အသက္ (၅၂) ႏွစ္အ႐ြယ္ အဆိုပါ ေအဂ်က္စ္နည္းျပက ယူႏိုက္တက္ကို ကိုင္တြယ္ဖို႔ စိတ္ဝင္စားေနပါတယ္။ အဲရစ္တန္ဟက္ခ္ဟာ အဂၤလိပ္စာကိုလည္း သင္ယူေနတာပါ။
မန္ခ်က္စတာ ယူႏိုက္တက္ကေတာ့ ပိုခ်က္တီႏို၊ လိုပက္တယ္ဟီ၊ လူးဝစ္အင္းနရစ္တို႔နဲ႔ ထပ္မံေတြ႕ဆုံသြားဖို႔လည္း ဆႏၵရွိေနပါတယ္။ အဲရစ္တန္ဟက္ခ္ကေတာ့ မန္ယူနဲ႕ အင္တာဗ်ဴးျပီး ျဖစ္ကာ လာမယ့္ေႏြရာသီမွာ ေအဂ်က္စ္ကေန ထြက္ခြာဖို႔ ေသခ်ာသေလာက္ ရွိေနပါတယ္။
ဒီလိုမ်ိဳး အဲရစ္တန္ဟက္ခ္ဟာ ငယ္ဘဝမွာ အကပညာရွင္ျဖစ္ဖို႔ ဝါသနာပါခဲ့ၿပီး ေနာက္ဆုံးမွသာ ေဘာလုံးေလာကကို ေ႐ြးခ်ယ္ခဲ့တာပါ။ နည္းျပႀကီးဟာ (၂၀၁၃) ကေန (၂၀၁၅) အထိ ဘိုင္ယန္ျမဴးနစ္မွာ အရန္အသင္း နည္းျပ ျဖစ္ခဲ့ဖူးပါတယ္။
အဲရစ္တန္ဟက္ခ္က “က်ေနာ္ ဂြာဒီယိုလာ ဆီက အမ်ားႀကီး သင္ယူခဲ့ဖူးပါတယ္။ သူ႔ရဲ႕ အေတြးအေခၚ အယူအဆေတြက တကယ္ကို ထူးျခားေကာင္းမြန္ပါတယ္။ ဒါေတြကို သူက ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္နဲ႔ အခု မန္စီးတီးတို႔မွာ စြမ္းေဆာင္ျပေနပါတယ္”
“တိုက္စစ္နဲ႔ ဆြဲေဆာင္မႈရွိတဲ့ ကစားဟန္ေတြက သူ႔ကို ေအာင္ျမင္မႈအမ်ားႀကီးရရွိေစပါတယ္။ ေအဂ်က္စ္မွာလည္း က်ေနာ္ ဂြာဒီယိုလာရဲ႕ ပုံစံအတိုင္း တည္ေဆာက္ဖို႔ ႀကိဳးစားေနတာပါ” လို႔ (၂၀၁၉) မွာ ေျပာၾကားခဲ့ဖူးပါတယ္။