အင်္ဂလန်အသင်း လူစာရင်းကနေ နှုတ်ထွက်ပြီး မန်စီးတီးထံ စောစော ပြန်လာတဲ့ ဂျွန်စတုန်း

မန်စီးတီး နောက်ခံလူ ဂျွန်စတုန်းဟာ ဒဏ်ရာ ပိုပြီး ပြင်းထန်စွာ မထိချင်တာကြောင့် အိုင်ဗရီကို့စ်နဲ့ ကစားမယ့် အင်္ဂလန်အသင်း လူစာရင်းကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

အသက်၂၇နှစ်သား ဟာ ဆွစ်ဇာလန်ကို ၂-၁ဂိုးဖြင့် နိုင်တဲ့ ချစ်ကြည်ရေးပွဲမှာ ပါဝင်ဖို့ရှိခဲ့ပေမယ့် သွေးပူလေ့ကျင်ရေးမှာ ဒဏ်ရာ ရသွားတာကြောင့် ဘန်ဝှိုက်နဲ့ လူစားလဲခဲ့ရပါတယ်။

အင်္ဂလန် နည်းပြ ဆောက်ဂိတ်က စတုန်းဟာ ထိုပွဲမတိုင်ခင် လှုပ်ရှားမှုအနည်းငယ် တွန့်ဆုတ်နေခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဒီနေ့မှာလည်း အိုင်ဗရီကို့စ်နဲ့ ကစားမယ့်ပွဲတွင် ပါဝင်သွားမှာ မဟုတ်ဘူးလို့အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဂျွန်စတုန်းဟာ ဒီ မတ်လအတွင်း အင်္ဂလန် လက်ရွေးစင် အသင်းကနေ နူတ်ထွက်တဲ့ ၇ယောက်မြောက် ကစားသမား ဖြစ်လာပါတယ်။

အာနိုး၊ ရီစီဂျိမ်းစ်၊ အေဘရာဟမ်၊ ဂိုးသမား ရမ်ဒေးစ်တို့ အားလုံး ဒဏ်ရာကြောင့် နှုတ်ထွက်ထားသလို ခု နောက်ဆုံး အနေနဲ့ ဂျွန်စတုန်း လည်း နှုတ်ထွက်ခဲ့ပြီး ဘူကာယိုဆာကာ က လည်း ကိုဗစ် ပေါ့စတစ်ဗ် ထွက်ခဲ့ပါတယ်။