ခက်ခဲတဲ့ ပြိုင်ဘက် ကို အဝေးကွင်း သွားရင်ဆိုင်မယ့် မန်စီးတီး အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

မန်စီးတီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်ချိန်မှာတော့ ဘန်လေ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

ဘီဘီစီမှ ပင်တိုင် ကလောင်ရှင် လော်ရိုးက ဘန်လေနဲ့ မန်စီးတီးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက – ” ဘန်လေတို့ရဲ့ အိမ်ကွင်း တာ့ဖ်မော ဟာ ကလပ်အသင်းတွေအတွက် သွားရောက် ရင်ဆိုင်ဖို့ ခက်ခဲတဲ့ တနေရာပဲ။ ဒါပေမယ့် လိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ ဒီပွဲကို အနိုင်ကစားမလား၊ ဖလား လက်လွှတ်မလား ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားပြီး မန်စီးတီးတို့ ဒီပွဲ အနိုင်ယူရမှာပါ။

ဘန်လေကလည်း သူတို့ ရှိသမျှ အကုန်ထုတ်ပြီး ကစားပါလိမ့်မယ်။ ဒါပေမယ့် ပက်ဂွာဒီယိုလာ လက်ထက် ဒီ မန်စီးတီး အသင်းက ဒီလို အခြေအနေတွေ များစွာ ကြုံခဲ့ဖူးပါတယ်။ သူတို့ အနိုင် ၃ မှတ်နဲ့ အိမ်ပြန်လာမယ်လို့ပဲ ကျနော် ခန့်မှန်းချင်တယ်။ ” လို့ ဆိုထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ဘန်လေ ဝ-၂ မန်စီးတီး ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့၊ ည ၈း၃ဝ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။