ဘောလုံးလောကထဲ ပြန်ဝင်လာဖွယ် ရှိနေကြောင်း ဝန်ခံလာတဲ့ အဂူရို
မန်စီးတီးဂန္ထဝင်ဟောင်း ဆာဂျီယိုအဂူရိုက ပြီးခဲ့တဲ့နှစ်က နှလုံးဝေဒနာကြောင့် အနားယူခဲ့ပေမယ့် ဘောလုံးလောကကို ပြန်လာနိုင်ချေရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
အသက် ၃၃ နှစ်သားဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက ဘာစီလိုနာအတွက် ကစားပေးရင်း နှလုံးဝေဒနာကြောင့် ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။
အာဂျင်တိုင်းသားဟာ အောက်တိုဘာလ ၃၀ ရက်နေ့တုန်းက အလာဗက်စ်အသင်းနဲ့ ၁-၁ ဂိုး သရေကျခဲ့တဲ့ပွဲမှာ ရင်အုပ်ကနေ နာကျင်လာခဲ့တာဖြစ်ပါတယ်။ အဲ့နောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ နှလုံးဝေဒနာ ခံစားခဲ့ရတာဖြစ်ပြီး ဆက်မကစားနိုင်တော့ပဲ အနားယူခဲ့ရပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာ ဘောလုံးလောကို ပြန်လာနိုင်တယ်ဆိုတာကို အရိပ်အမြွက် ပြောကြားခဲ့ပြီး လေ့ကျင့်ခန်း ပြန်ဆင်းလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ မနေ့က ကျွန်တော် စိတ် ၂ ခွဖြစ်ခဲ့ပြီး ဘောလုံး ပြန်ကစားချင်နေပါတယ်။ အင်တာ မိုင်ယာမီက ခေါ်ခဲ့ပေမယ့် ကျွန်တော် ငြင်းဆန်ခဲ့ပါတယ်။ ၂ နှစ်အတွင်းလား ဆက်လက် စောင့်ကြည့်တာပေါ့။
ဆရာဝန်တွေက ပွဲတွေမကစားပဲ ၅ လ ဒါမှမဟုတ် ၆ လလောက် ကင်းကင်းနေဖို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါပေမယ့် ကျွန်တော် ပြန်လေ့ကျင့်ချင်နေပါပြီ ” လို့ အဂူရိုက ပြောကြားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တာဖြစ်ပြီး နီဗီးလ်နဲ့ အခြား ပရီးမီးယားလိဂ် ကစားသမားတော်တော်များများ ကစားခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ ဘက်ခမ်းဟာ မက်ဆီကို အသင်းထံ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
မက်ဆီအပြင် ဆွာရက်ဇ်၊ ဘက်စ်ကွက်နဲ့ အယ်လ်ဘာတို့နဲ့ပါ မိုင်ယာမီမှာ ပြန်လည် ပေါင်းဆုံနိုင်ချေရှိတယ်လို့ Goal သတင်းဌာနက ဆိုပါတယ်။ အဂူရိုဟာ အာဂျင်တီးနား အတွက် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ဝင်ကစားချင်နေပါတယ်။
“ ပွဲတွေနဲ့ မဲခွဲတာတွေ ကြည့်ခဲ့ရပါတယ်။ ဒါပေမယ့် အာဂျင်တီးနားက ကမ္ဘာ့ဖလား လျာထားစာရင်း ဝင်နေဆဲပါ ” လို့ အဂူရိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။