စနေနေ့ ဘန်လေ v မန်စီးတီး ပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန်စချိန်မှာ မန်စီးတီးက ဘန်လေအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘန်လေနဲ့ စီးတီးတို့ ပွဲစဉ်အတွက် နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က ” ဘန်လေအတွက် အရေးပါလာမယ့် ပွဲစဉ် နှစ်ပွဲလောက် ရှိနေပါတယ်။ သူတို့က အလှည့်အပြောင်းတစ်ခုရဲ့ အချိုးအကွေ့နားကို ရောက်နေတာပါ။ ဒါပေမယ့် သူတို့ရဲ့ ပုံစံကောင်းတွေက ပြန်ကျဆင်းနေပါတယ်။ ဘရန့်ဖိုဒ့်ကို အရေးနိမ့်ခဲ့တာက ခက်ခဲခဲ့တယ်။ နောက်ထပ် နိုင်ပွဲတစ်ပွဲကို ခပ်မြန်မြန် ပြန်ရဖို့ လိုအပ်နေပါတယ်။

အမှားတွေ မလုပ်ရင် ချန်ပီယံပြေးလမ်းမှာ လီဗာပူးက အသာ ရသွားနိုင်နေတယ်။ ပဲလေစ့်ကို သရေကျတာကလည်း လီဗာပူး အတွက် လမ်းပွင့်သွားခဲ့တယ်။ ပက် ကတော့ သူ့အသင်းက နောက်တစ်ကြိမ် ခြေချော်မှာ မဟုတ်ဘူးလို့ ထုတ်ပြောထားတယ်။ ဒီပွဲက သူတို့အတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။

ဘန်လေက ကြိုးစားပြီး မန်စီးတီးကို စိတ်ပျက်အောင် လုပ်မှာပါ။ မန်စီးတီးက ဒီပွဲကို သာသာယာယာ ကစားနိုင်မှာ မဟုတ်ပေမယ့် သူတို့ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ် ကတော့ ဘန်လေ ဝ-၂ မန်စီးတီး ဖြစ်ပါတယ်။ ဒီနှစ်သင်းက မနက်ဖြန် ဧပြီ ၂ရက်၊ စနေနေ့၊ ည ၈း၃ဝ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။