မြို့ခံပြိုင်ဘက်တွေ ရုန်းကန်နေရတုန်း မန်စီးတီးက ဖလား ၁၁ လုံး ယူပြီးနေပြီ ဆိုတဲ့ လာပေါ်တေး
မန်းစီးတီးရဲ့ နောက်ခံလူ လာပေါ်တေး ကတော့ မန်ချက်စတာ ယူနိုက်တက် ဖလားတစ်လုံးမှမရခဲ့တဲ့ လေးနှစ် အတွင်းမှာ သူတို့ဟာ ဖလား ၁၀ လုံးရယူခဲ့ပြီးဖြစ်တယ်လို့ လှောင်ပြောင် သရော်လိုက်ပါတယ်။
မန်စီးတီးအသင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံး ပရီးမီးယားလိဂ်မှာ အသာစီးယူ လွှမ်းမိုးနိုင်ခဲ့တာဖြစ်ပြီး မြို့ခံ ပြိုင်ဘက် မန်ယူနိုက်တက် ကတော့ ၂၀၁၃ က ဖာဂူဆန်အနားယူသွားပြီးတည်းက ဖာဂူဆန်လက်အောက်ကလို အောင်မြင်မှုမျိုး ရယူနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အပါအဝင် သူတို့ရဲ့ပြိုင်ဖက်တွေဟာ မန်စီးတီး ကျရှုံးတာကို ကြည့်ချင်နေကြတာဖြစ်ပြီး သူတို့အောင်မြင်တာကို မနာလိုဖြစ်နေမယ်လို့ လာပေါ်တေး က ပြောခဲ့ပါတယ်။
“ခင်ဗျားတို့လည်း တော်တော်လေး သတိထားမိမယ်ထင်တယ်။ သူတို့က ကျွန်တော်တို့နိုင်နေတာကို ပုံမှန် မဟုတ်ဘူးလို့ ထင်နေကြတာ။
ကျွန်တော် အမှတ်မမှားမိဘူးဆိုရင် ကျွန်တော်တို့က လွန်ခဲ့တဲလေးနှစ်အတွင်း ဖလား ၁၁ လုံးတောင် အနိုင်ရခဲ့တာ။ ဒီတော့ဗျာ တစ်လုံးမှ မရတဲ့ တစ်မြို့တည်းနေတဲ့သူတွေက စိတ် အနှောင့်အယှက် ဖြစ်နေမှာပေါ့” လို့ လာပေါ်တေး က ဆိုခဲ့ပါတယ်။
တကယ်တော့ ဖလား ၁၀ လုံးပါ။ ပရီးမီးယားဖလား သုံးလုံးပါဝင်ပါတယ်။ ယူနိုက်တက်ကတော့ ၂၀၁၇ တည်းက ယူရိုပါလိဂ်မှာ ဘာမှမနိုင်တော့တာပဲဖြစ်ပါတယ်။
“သူတို့က သူတို့နောက်မှာ လူတွေအများကြီးရှိတယ်ဗျ။ အထောက်အပံတွေရောပေါ့။ တစ်မြို့ထဲမှာချင်း အတူတူဗျာ။ သူတို့က ငွေပိုသုံးတာပဲဆိုတော့ တစ်ချို့တွေက စိတ်ပျက်မှာပေါ့။ လူတိုင်းကတော့ ကိုယ့်ဟာကိုယ် ကာကွယ်ကြမှာပါပဲ။ ကျွန်တော်ကတော့ မန်းစီးတီးကို ယုံတယ်ဗျ။ ဒီနှစ်လည်း ကျွန်တော်တို့တွေ ဖလားတွေအများကြီး ထပ်ရဦမယ်လို့ ထင်ပါတယ် ” လို့ လည်း ၎င်းက ပြောကြားသွားပါတယ်။
လာပေါ်တေး ကတော့ ၂၀၁၈ တုန်းက မန်းစီးတီးကို ရောက်လာပြီးတည်းက ဆုဖလားရှစ်ခု ရယူရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။