မန်စီးတီး မနိုင်အောင် ဘန်လေ ဘယ်လိုတောင် ညစ်နည်းတွေ သုံးခဲ့လဲ ဂွာဒီယိုလာ ရှင်းပြ

၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယားရဲ့ ထိပ်သို့ ပြန်လည်ရောက်ရှိခဲ့တဲ့ ပွဲတွင် ဘန်လေအသင်းရဲ့ ကွင်းကို ဂွါဒီယိုလာက ဝေဖန်လိုက်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဟာ ဒီဘရိုင်း၊ ဂန်ဒိုဂန်တို့ရဲ့ ဂိုးများဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ကစားရခက်ခဲတဲ့ ဘန်လေအသင်းရဲ့ မြက်ခင်းပြင်ကို ထောက်ပြခဲ့ပြီး သူတို့ရဲ့ ပြိုင်ဘက်တွေကို သတင်းစကားပါးလိုက်ပါတယ်။

” ဒီပွဲတွေကို ကစားနေတာ ကျွန်တော်တို့က နှစ်ပေါင်း တော်တော်ကြာနေပါပြီ။ အစောပိုင်းကတည်းက ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အကူအညီဖြစ်စေခဲ့ပါတယ်။ ဒီလိုပွဲက ၃ ဂိုး ၄ ဂိုး မသွင်းဘူးဆိုရင် ပြီးမှာ မဟုတ်ပါဘူး။

မြက်ခင်းက ရှည်နေတယ်၊ စိုစွတ်မှုလည်း မရှိပါဘူး။ အားလုံးက နှေးသွားတာကြောင့် ကစားရတာ ခက်ခဲပါတယ်။ သို့သော်လည်း ကျွန်တော်တို့က အကောင်းဆုံး လုပ်နိုင်ခဲ့ပြီး ပွဲကို အနိုင်ရရှိခဲ့ပါတယ်။

နောက်ထပ်ပွဲက လီဗာပူးနှင့် ကစားမယ့်ပွဲဖြစ်တာကြောင့် ပွဲစဉ်တွေ အားလုံးကို ကျွန်တော်တို့က အနိုင်ရရှိရမယ်ဆိုတာကို သိပါတယ်။ လီဗာပူနဲ့ ကစားပြီးနောက် အက်သလက်တီကို မက်ဒရစ်နှင့် ကစားရမှာပါ ” လို့ မန်စီးတီးနည်းပြက ပြောပါတယ်။

အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဂန်ဒိုဂန်က “ဒီလိုလာပြီး ခက်ခဲတဲ့ပြိုင်ဘက်နှင့် ရင်ဆိုင်ရတာက အမြဲခက်ခဲပါတယ်။ သူတို့မှာ သေချာတဲ့ ကစားပုံရှိပြီး သူတို့ရဲ့ အရပ်ရှည်တဲ့ တိုက်စစ်မှုးတွေရဲ့ အမြင့်ဘောတွေအတွက် ကျွန်တော်တို့က ပြင်ဆင်ထားရမှာပါ။ အခွင့်အရေးတွေကို ဖန်တီးပြီး ဂိုးသွင်းရမှာပါ”

ပထမပိုင်းမှာ ၂ဂိုး သွင်းယူနိုင်ခဲ့တာက ကျွန်တော်တို့အတွက် အကူအညီဖြစ်စေခဲ့ပါတယ်။ လာမယ့် ရက်သတ္တပတ် ၂ ပတ် ၃ ပတ်လောက်က အဆုံးအဖြတ်ဖြစ်ပြီး အရိုးသားဆုံး ပြောရရင် ပွဲစဉ်တိုင်းက ဖိုင်နယ်ပါပဲ။ ဒါကြောင့် ဒီနေ့ အနိုင်ရရှိမှုက အရေးပါပါတယ်။ ကျွန်တော်တို့က အမှတ်တွေ ဆုံးရှုံးလို့ မဖြစ်ပါဘူး” လို့ ပြောခဲ့ပါတယ်။