အမှတ်ပေးဖလား လီဗာပူးဘက်ပို့ရအောင် မန်စီးတီးကို အထင်မသေးနဲ့လို့ ပြောလိုက်တဲ့ ပေါလ်မာဆန်
လီဗာပူးရဲ့ နိုင်ပွဲကြောင့် စိတ်လှုပ်ရှားမှုတွေကြားမှာ ပေါလ်မာဆန်ကတော့ လက်ရှိချန်ပီယံတွေကိုပဲ ဆက်လက် ယုံကြည်မှုပေးနေခဲ့ပါတယ်။
ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ အန်ဖီးမှာ ဝတ်ဖိုဒ့်ကို ၂-၀ နဲ့ အနိုင်ရပြီး လိဂ်ကို ယာယီ ဦးဆောင်ခဲ့ပေမယ့် နာရီအနည်းငယ် အကြာမှာ ဘန်လေကို အနိုင်ယူပြီး မန်စီးတီးက ဇယားထိပ် ပြန်တက်ခဲ့တာပါ။
နှစ်သင်းဟာ ဒီအပတ် တနင်္ဂနွေနေ့ အီသီဟဒ်ကွင်းမှာ ထိပ်တိုက်တွေ့ရဖို့ ရှိနေသေးပေမယ့် ၁၀ ပွဲဆက် အနိုင်ရမှုအပြီး လီဗာပူးကလည်း ဆုဖလား စိန်ခေါ်ဖို့ အရှိန်ရနေပြီလို့ သုံးသပ်ခံနေရတယ်။ လီဗာပူးက ပရီးမီးယားလိဂ်ဖလား အောင်မြင်မယ်လို့ ထင်မြင်ချက်တွေ ထွက်ပေါ်နေပေမယ့် ပေါလ်မာဆန်ကတော့ စီးတီးကို ထောက်ခံနေဆဲ ဖြစ်ပါတယ်။
“ လီဗာပူးက ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းကို အမီလိုက်နေတာဖြစ်ပြီး ဇယားထိပ်က မန်စီးတီးနဲ့ တစ်မှတ် ကွာဟနေသေးတယ်ဆိုတာ သတိပြုပါ။ လီဗာပူးက ပွဲတိုင်း အနိုင်ရမှဖြစ်မယ်။ စီးတီးက တစ်မှတ် အသာရနေဆဲဖြစ်ပြီး အိမ်ကွင်းမှာ လီဗာပူးကို ကစားရမယ်။ မန်စီးတီးက လီဗာပူးနဲ့ သရေကျပြီး ပွဲတိုင်း အနိုင်ရရင်ကို ဖလားရမှာပါ။
မန်စီးတီးဆိုတာ ၁၄ ပွဲဆက်လောက် အနိုင်ရခဲ့တဲ့ အသင်းပါ။ စီးတီးက ဆဲဟက်စ်ပက်ခ်မှာ ဂိုးမရှိ သရေကျခဲ့ပေမယ့် နှစ်ပွဲလောက် အနိုင်ရဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ရခဲ့တာပါ။ သူတို့တွေက ဂိုးမသွင်းတော့မယ့်သူတွေနဲ့ မတူပါဘူး။ ဒီအသင်းက ၈ ပွဲဆက်တိုက် အနိုင်ယူပြနိုင်တယ်။
ကျွန်တော့်အနေနဲ့ အခုချိန်မှာ မန်စီးတီးကိုပဲ ပိုကြိုက်ပါတယ်။ လီဗာပူးက အီသီဟဒ်ကို သွားကစားရဦးမယ်။ လီဗာပူးက အီသီဟဒ်ကိုသွားပြီးလလလလလ ဒီနေ့ပွဲရဲ့ ပထမပိုင်းလို ကစားခဲ့ရင်တော့ အားလုံးပြီးသွားပြီပဲ ” လို့ ပေါလ်မာဆန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီအပတ်မှာတော့ အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရမှာဖြစ်ပြီး အဆိုပါပွဲအပြီးမှာ လီဗာပူးကို ဧည့်ခံသွားရမှာပဲ ဖြစ်ပါတယ်။