အကီ၊ ဖိုဒန်တို့ တောက်ပခဲ့မှုနဲ့အတူ တီကို အသင်းကို အနိုင်ကစားတဲ့ မန်စီးတီးရဲ့ ထူးခြားချက်များ
မန်စီးတီး အသင်းက ညက ချန်ပီယံလိဂ် ပထမအကျော့ အနေနဲ့ အီတီဟတ်ကွင်းမှာ အက်သလက်တီကို မက်ဒရစ်ကို ဧည့်ခံ ကစားရာ ဒီဘရိုင်းရဲ့ဂိုးနဲ့အတူ ၁-၀ နဲ့ အနိူင် ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းက အက်သလက်တီကို အသင်းရဲ့ မာကျောတဲ့ ခံစစ်ကို တိုက်စစ်ဆင်ကစားဖို့ ခက်ခဲနေပေမယ့် ဒီဘရိုင်းခြေစွမ်းပြမှုနဲ့ အတူ အနိူင် ရရှိခဲ့တာပါ။
ဘတ်စ်ကားကွက်နဲ့ အသေပိတ် ကစားသွားတဲ့ အက်သလက်တီကို မက်ဒရစ်ကို အနိုင်ကန်ခဲ့တဲ့ ပွဲက သတိပြုမိစရာ အချက်လေးတွေက ရှိနေပါတယ်။
ကစားပုံ ကို မပြောင်းလဲပဲ ကစားခဲ့ခြင်း
ဂွာဒီယိုလာနဲ့ ဆီမြွန်နီ တို့ကတော့ ကမ္ဘာ့ ဘောလုံးမှာ ထူးချွန်ပြောင်မြောက်တဲ့ နည်းပြဖြစ်ပါတယ်။ ၂ ယောက်လုံး လိုချင်တဲ့ ရလဒ်ကို ရအောင် ဘယ်လိုကစားမလည်းဆိုတာကို သူများနဲ့ မတူအောင် ထူးချွန်ပြီး ပွဲဖတ်ကောင်းတဲ့ နည်းပြတွေပါ။
ဆီမြွန်နီ ကတော့ သူ့အသင်း ကို ခံစစ်ကို ပိတ်ကစားစေခဲ့ပြီး တန်ပြန်တိုက်စစ် ဗျူဟာနဲ့ ကစားဖို့ ကြံခဲ့ပါတယ်။ တစ်ကယ်လို့ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားခဲ့မယ်ဆိုရင် မန်စီးတီး စိတ်ကြိုက် ကစားသွားမှာစိုးလို့ တိုက်စစ်ဆင် ကစားမယ့် အစား ဘောလုံးဖြတ်ထုတ်ဖို့ကိုပဲ ဆီမြွန်နီ က ကစားစေခဲ့ပါတယ်။
ဂွာဒီယိုလို ကတော့ ဘောလုံးပိုင်ဆိုင်မှု အသားပေးပြီး tempo အမြင့်ပေးပြီး အလက်တီကို အသင်းကို ရအောင် ထိုးဖောက်ကစားခဲ့ပါတယ်။ သူ့ ရဲ့ ဗျူဟာက အလုပ်ဖြစ်ခဲ့ပြီး အလက်တီကို အမှားတစ်ချက်ကနေ အခွင့်ကောင်း ကို ရအောင်ယူပြီး နိူင်ပွဲ ရှာနိူင်ခဲ့ပါတယ်။
မန်စီးတီး အသင်း ညာနောက်ခံလူ
မန်စီးတီး အသင်းက ညာနောက်ခံလူ တစ်ယောက်ကို လာမယ့် နွေမှာရှာဖွေမယ်လို့ သတင်းထွက်နေပေမယ့်လည်း နာသန် အကီ ကတော့ အဲနေရာကို အံဝင်အောင် ကစားနိူင်ခဲ့ပါတယ်။ အကီ ကတော့ ကန်ဆယ်လို ထက်စာရင် ရှေ့ကို လိုက်မကစားခဲ့ပါဘူး။ ခံစစ်မှူး တစ်ယောက် အနေနဲ့ ချက်ချင်း ညာနောက်ခံလူ အတွက် ကစားဖို့ ခက်ပေမယ့် ဒီပွဲမှာ အကီကတော့ အကောင်းဆုံး အံဝင်အောင် ကစားခဲ့ပါတယ်။
စီးတီး တိုက်စစ်မှာ အသက်ဆိုတာ ပြသခဲ့တဲ့ ဖိုဒန်
ဂွာဒီယိုလာက ရှေ့တန်းမှာ စတာလင်၊ မာရက်စ် နဲ့ ဆေလ်းဗားတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဒီ ၃ ယောက်က တစ်ယောက်ချင်း ကစားပုံကောင်းပေမယ့် လိုအပ်တဲ့ နေရာလွတ်မရှာဖွေနိူင်ခဲ့သလို တွဲ ကစား တာလည်း အားနည်း ခဲ့ပါတယ်။
ဖိုဒန် ၆၈ မိနစ်မှာ ဝင်လာပြီးနောက်မှာ သူ့အနေနဲ့ ဘာလို့ ပွဲထွက် ကစားခွင့်ရလည်းဆိုတာ ပြသခဲ့ပါတယ်။ ဖိုဒန်က ဘောလုံး ကိုင်ကစားပြီး နေရာလွတ် ရှာဖွေပြီး အသင်းဖော်တွေ အတွက် အခွင့်ရေးဖန်တီးနိူင်ခဲ့ပါတယ်။
လူစားဝင်တဲ့ ဂျက် ဂရီလစ်
ပေါင်သန်း ၁၀၀ ပေးထားရပြီး ဂရီလစ်က ဒီပွဲ မှာလည်း အရံခုံမှာမှာပဲ ထိုင်ခံရပါတယ်။ သူက ဖိုဒန် နဲ့အတူ ကွင်းထဲ ကို လူစားလဲ ဝင်လာပေမယ့် အက်သလက်တီကို နောက်တန်း ကို အလုပ် ရှုပ်စေခဲ့ပါတယ်။ မန်စီးတီး အသင်း ခေါ်ယူတဲ့ ကစားသမားတွေ မန်စီးတီးမှာ အထိုင်ကျဖို့ ၁ နှစ်လောက် အချိန်ယူရပေမယ့် ဂရီလစ်ကတော့ အခုလို အရေးကြီးတဲ့ ပွဲမှာ ပါဝင် ကစားခွင့် ရအောင် စွမ်းဆောင်နိူင်မှ အင်္ဂလန် အသင်းအတွက် နေရာရနိူင်မှာပါ။
ခံစစ်အားပြုတဲ့ ဘောလုံးကစားဟန် မြင်ခဲ့ရခြင်း
အက်သလက်တီကို အသင်းက မန်စီးတီး အသင်းကို 5-5-0 နဲ့ ရင်ဆိုင်ခဲ့တာပါ။ ဖီလစ် ကို ဘယ်တောင်ပံ မှာ ကစားခဲ့သလို ဂရဇ်မန်း ကို ကွင်းလယ် အထိ ဆင်းကစားစေပြီး မန်စီးတီးကို ခံစစ်သီးသန့်နဲ့ အက်သလက်တီကို က ရင်ဆိုင်ခဲ့တာပါ။
မန်စီးတီး အသင်းကို ပထမအကျော့မှာ အက်သလက်တီကို အသင်းက ကောင်တာ သီးသန့်နဲ့ ကစားဖို့ ပြင်ဆင် ခဲ့ပါတယ်။ ၁ ဂိုး နဲ့ပဲ ရှုံးတော့ အလက်တီကို အသင်း အနေနဲ့ ဒုတိယ အကျော့မှာ နောက်တစ်ဆင့် တက်ဖို့အတွက် ဆွာရက်စ်၊ ကော်ရီယာ၊ ဖီလစ် တို့နဲ့ တိုက်စစ်ဖွင့်ကစားရတော့မှာပါ။