အင်္ဂလန် အကောင်းဆုံး ကစားသမား ဖြစ်လာမယ်လို့ တစ်ပေးခြင်း ခံလိုက်ရတဲ့ ဖီးလ် ဖိုဒန်

မန်စီးတီးခံစစ်မှုးဟောင်း လက်စကော့ က စီးတီး ကြယ်ပွင့် တိုက်စစ်သမားလေး ဖီးလ် ဖိုဒန်ကို များစွား ချီးကျူးသွားခဲ့ပြီး အင်္ဂလန်မှာ အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်တယ်လို့ပါ တစ်ပေး ဟောကိန်းထုတ် သွားခဲ့ပါတယ်။

မန်စီးတီးဟာ ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ် အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဖိုဒန်က ညက ပွဲမှာ အရန်ကနေ လူစားဝင်လာပြီးနောက် ဒီဘရိုင်းရဲ့ အနိုင်ဂိုးအတွက် ဖန်တီးပေးခဲ့ပါတယ်။

လက်စကော့က – ” ဖီးလ် ဖိုဒန်က မန်စီးတီးနဲ့ အတူ ရှိနေတယ်။ ဒီကလပ်အတွက် ကစားရတာ သူ့အတွက် ဘယ်လို အဓိပ္ပါယ်တွေ ရှိနေလဲ ကျနော် သိပါတယ်။ ဒီနှုန်းအတိုင်းသာ သွားမယ် ဆိုရင် သူက အင်္ဂလန်ရဲ့ all time အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်လာတော့မယ်။ တစ်ရာသီ ဖလား ၂လုံးလောက် ပုံမှန်ယူပြီးတော့လေ။

သူ့ စိတ်ဓာတ်ပိုင်းကလည်း တခြားသူတွေနဲ့ မတူဘဲ ထူးခြားနေပါတယ်။ သူ့ကို ဝိန်းရွန်းနီနဲ့ပဲ ယှဉ်ထိုးကြည့်ဦး။ ကစားသမားတွေဟာ နိုင်ပွဲ မရရင် ခံစားနာကျင်ရတယ်။

သူကတော့ စိတ်ကို လုံးဝ ပိုင်နိုင်တဲ့သူ။ သူ လုပ်စရာ ရှိတာကို လုပ်သွားတာ ကျနော် သဘောသိပ်ကျတယ်။ သူက အချိန်တိုင်း အမြဲတမ်း တိုးတက်ချင်နေတဲ့ သူပါ။ ” လို့ ပြောဆို ချီးကျူး သွားခဲ့ပါတယ်။

ဖိုဒန်ဟာ လာမယ့် မေလမှ အသက် ၂၂ ပြည့်မှာ ဖြစ်ပြီး လက်ရှိ အချိန်ထိ မန်စီးတီး အတွက် ၁၅၉ ပွဲ ကစားပြီး ၄၂ ဂိုး သွင်းယူထားပြီ ဖြစ်ပါတယ်။