မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲအတွက် လော်ရိုး ရလဒ် ခန့်မှန်း

ဒီတပတ် ပရီးမီးယားလိဂ်ပွဲကတော့ အမှတ်ပေးဇယား ထိပ်ဆုံးက နှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက ဒီအပတ် ပွဲစဉ်တွေ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

မန်စီးတီး v လီဗာပူး

ပွဲချိန်။ ။ ဧပြီ ၁ဝ ရက်၊ တနင်္ဂနွေနေ့၊ ည ၁ဝ နာရီ။

ဒီပွဲက ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ မျှော်လင့်ထားတယ်။ ဘာလိုပလည်းဆိုတော့ ဒီလို အရည်အချင်းရှိ အသင်းနှစ်သင်း၊ သူတို့ ကစားပုံနဲ့ဆိုရင် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ပဲ ရှိပါတယ်။

အရင်အချိန်တွေတုန်းမှာတော့ တခြားအသင်းသင်းက ဇယားထိပ်မှာ ရှိကောင်းရှိနေပါလိမ့်မယ်။ ဒီလိုပွဲမှာ လာကစားရင် အခွင့်အရေး ပိုရတဲ့သူက နိုင်သွားဖို့ပါပဲ။ ပွဲက ခြေညီမှာပါ။ သွင်းဂိုး အနည်းငယ်ကိုလည်း မြင်ရပါမယ်။

အရင်အချိန်တွေတုန်းမှာတော့ တစ်သင်းက အခြားတစ်သင်းထက် ပိုကောင်းနေခဲ့တာ ရှိပါတယ်။ ဒီပွဲကို ကစားရင် ဘယ်အသင်းက သူတို့ရဲ့ အခွင့်အရေးကို အရယူသွားမလဲ ဆိုတဲ့အပေါ် မူတည်ပြီး အနိုင်ရပါလိမ့်မယ်။ ပွဲက ခြေညီမှာပါ။ သွင်းဂိုး အနည်းငယ်ကိုလည်း မြင်ရပါမယ်။

ဒီပွဲက ဆုဖလားကို အဆုံးအဖြတ်ပေးသွားမယ်တော့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီပွဲပြီးရင် ဆက်ပြီး ယှဉ်ပြိုင်ဖို့ ၇ ပွဲ ကျန်ရှိနေပါသေးတယ်။ ဘယ်အသင်းပဲ နိုင်နိုင် ဖိအားတွေက ဆက်ရှိနေမှာပါ။ ဒါပေမယ့် ကျနော်ကတော့ သရေကျမယ်လို့ ထင်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်စီးတီး 2-2 လီဗာပူး